Main menu

Background

မန္တလေးမြို့သစ်ရှိ လမ်းမတန်းရှိ အကွက်များ အရောင်းအဝယ် သွက်လျက်ရှိ

Sun, 02/27/2011 - 08:24 -- Anonymous (not verified)

 မန္တလေးမြို့သစ်ရှိ လမ်းမတန်းရှိ အကွက်များ အရောင်းအဝယ် သွက်လျက်ရှိ           မန္တလေးမြို့သစ် လမ်းမတန်းပေါ်ရှိ အကွက်အချို့ အရောင်းအဝယ် သွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ မြေကွက်များမှာ မနော်ဟရီလမ်းမပေါ် (၄၈ လမ်းအိမ်ရာစီမံကိန်းအနီး) ရှိ 'ဇဇ' 'ဖဖ' အကွက်များ၊ (ထုံးဘို-မြစ်ငယ်) လမ်းခွဲအနီး ၆၈ လမ်းမပေါ်ရှိ 'ဝဝ' အကွက်များ၊ ၆၂ လမ်းမပေါ်ရှိအကွက် များကို စီးပွားရေးလုပ်ကိုင်မယ့်သူများနဲ့ မြေဝယ်ထိန်းအချို့ အဝယ်ဆင်းလျက် ရှိပြီး အရောင်းအဝယ် သွက်လျက် ရှိပါတယ်။            မြို့သစ်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ''ဒီလထဲမှာကို လမ်းမ ပေါ်အကွက်တွေ အရောင်းအဝယ် သွက်တဲ့အတွက် ဈေးမြင့်လာတယ်။ လမ်းမအကွက်တွေက ဈေးအပြောင်း အလဲဖြစ်တာလည်း မြန်တယ်။ မနှစ်က 'ဇဇ' နဲ့ 'ဖဖ' အကွက်ဈေးက လက်ရှိ ပေါက်ဈေးနဲ့ယှဉ်ရင် သိန်း ၅ဝဝ လောက်ကွာတယ်။ 'ဝဝ' အကွက်ဆို သိန်း ၁၅ဝ၊ ၂ဝဝ ဝန်းကျင်လောက်ဈေး ကွာတယ်။ ကြားအကွက်တွေတော အရောင်းအဝယ် အေးတယ်''လို့ ပြော ပါတယ်။            မနော်ဟရီလမ်းမပေါ်ရှိ 'ဇဇ' 'ဖဖ' အကွက်များမှာ ပေ ၄ဝ x ၆ဝ တစ်ကွက်ကို လက်ရှိဝယ်ဈေး သိန်း ၁၈၅ဝ၊ ၁၉ဝဝ ကျပ်ရှိ၍ ၆၂လမ်းမပေါ် မနော်ဟရီလမ်းနဲ့ အင်းခရုဘုရားလမ်းအတွင်း သိန်း ၁၈ဝဝ နဲ့ ၃၅ဝဝ ကြား၊ 'ဝဝ' အကွက် ၆၈ လမ်းမပေါ် 'ဝဝ-၉' နဲ့ 'ဝဝ-၁ဝ' သိန်း ၁၁ဝဝ ကျပ်ဝန်းကျင် ဈေးဖြင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။                                    ဇူးဇူး