Main menu

Background

နေပြည်တော်-ရန်ကုန် အဆင့ ်မြင့ ် အဝေးပြေးမော်တော်ယာဉ်လိုင်းအတွက် ကျပ်သိန်း ၂ဝဝဝ တန်ဘတ်စ်များ မတ်လတွင်တစ်စီး နှစ်ကုန်ပိုင်းတွင်လေးစီး ထပ်မံရောက်ရှိမည်

Sun, 02/27/2011 - 08:51 -- Anonymous (not verified)

 နေပြည်တော်-ရန်ကုန် အဆင့ ်မြင့ ် အဝေးပြေးမော်တော်ယာဉ်လိုင်းအတွက် ကျပ်သိန်း ၂ဝဝဝ တန်ဘတ်စ်များ မတ်လတွင်တစ်စီး နှစ်ကုန်ပိုင်းတွင်လေးစီး ထပ်မံရောက်ရှိမည်                နေပြည်တော်-ရန်ကုန် အဆင့်မြင့် မော်တော်ယာဉ်လိုင်းအဖြစ် ပြေးဆွဲနေသည့် ကျပ်သိန်း ၂ဝဝဝ တန်ဖိုးရှိ Elite Express ကားများ မတ်လပထမအပတ် တွင် တစ်စီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် လေးစီး ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ ယာဉ်လိုင်းတာဝန်ခံ ဦးထွန်းမြင့်စံက ပြောကြားသည်။ ၎င်းယာဉ်လိုင်းသစ်ကို ပထမ အဆင့် သုံးစီးဖြင့် နေပြည်တော်- ရန်ကုန် ခရီးစဉ်တွင် စတင်ပြေးဆွဲလျက် ရှိပြီး မလေးရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဆွီဒင်နိုင်ငံမှ ထုတ်လုပ် ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းအတွက် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ လျှော့ချထား သော ကားများဖြစ်ကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကား လေးစီး ထပ်မံရောက်ရှိလာမည်ဖြစ်ရာ စုစုပေါင်း ရှစ်စီးဖြင့် နေပြည်တော်ကို ဗဟိုပြု၍ နေပြည်တော်-ရန်ကုန် ခရီးစဉ်အပြင် နေပြည်တော်-မန္တလေး၊ နေပြည်တော်-တောင်ကြီးခရီးစဉ်များကို တိုးခဲျ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းယာဉ်လိုင်းမှာ လက်ရှိ ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် ကွဲပြားခြားနားချက်များ ပါဝင်ကြောင်း သိရသည်။''တစ်ဦးကို နားကြပ်တစ်ခုစီနဲ့ မိမိစိတ်ကြိုက် ဖျော်ဖြေရေး အစီ အစဉ်ကို ခံစားရမှာ ဖြစ်ပါတယ်။ ဖုန်းနဲ့ အခြား အီလက်ထရောနစ်ပစ္စည်းများ အားသွင်းနိုင်ဖို့ ပလပ်ပေါက်တွေလည်း ထားပေးထားပါတယ်။ ကားပေါ်မှာ ရေခဲသတ္တာ၊ ရေနွေးဓာတ်ဘူး၊ ဘေစင် တွေ အရေးပေါ်ထွက်ပေါက် အစရှိတာ တွေပါရှိပါတယ်''ဟု အထက်ပါပုဂ္ဂိုလ် ကပြောကြားသည်။၎င်းမော်တော်ယာဉ် လိုင်းတွင် အခမဲ့ဝန်ဆောင်မှုများအဖြစ် ရေသန့်ဘူး၊ စနိုးတာဝါများ ပေးဝေခြင်း၊ ယာဉ်စီးနေစဉ် အခမဲ့ အဝင်ဖုန်း လက်ခံ ပြောဆိုခြင်း၊ ယာဉ်ပေါ်တွင် ချမ်းလျှင် ခြုံထည်ပါရှိခြင်း၊ အရေးပေါ်သုံးစွဲနိုင်ရန် အခြေခံဆေးဝါးများ ပါရှိခြင်း၊ ကြိုတင် ငွေပေး ဖုန်းကတ်များကို မူရင်းဈေး အတိုင်း ရောင်းချခြင်းစသည့်ဝန်ဆောင် မှုများကို ဝန်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ယာဉ်စီးခနှုန်းထားမှာ လက်ရှိပြေးဆွဲနေသော ယာဉ်စီးခ နှုန်းထား များအတိုင်း ကျပ် ၆ဝဝဝ ဖြစ်ကြောင်း သိရသည်။                                                                          ကိုဖြိုး