Main menu

Background

မန်း-မူဆယ်ပြေးဆွဲနေသော ၆ ဘီးကားဈေးများ ဦးမော့လာ

Sun, 02/27/2011 - 09:01 -- Anonymous (not verified)

 မန်း-မူဆယ်ပြေးဆွဲနေသော ၆ ဘီးကားဈေးများ ဦးမော့လာ                   တန်ပိုများ ကန့်သတ်ချိန်မှစ၍ ၆ ဘီးကားဈေးများ ဦးမော့လာတာကိုတွေ့ရပါတယ်။ ယခင် ၆ ဘီးကားတစ်စီး တန်ဖိုးမှာ ကျပ်သိန်း ၁၈ဝ ဝန်းကျင်ရှိရာ ယခုကျပ်သိန်း ၂၅ဝ မှ ၃ဝဝ ဝန်းကျင်ထိ မြင့်တက်လာပါတယ်။ ၆ ဘီးကားတစ်စီး အလေးချိန်မှာ ၉ တန်ခွဲဝန်းကျင်ရှိပြီး၊ ယခုတန်ပိုများ ပြောင်းလဲသတ်မှတ်လိုက်ရာ ကား၏ လေးလျော့၊ တံခါးပိတ်ပြုတ်၊ အမိုးကိုင်းတစ်ဝက်ဖြုတ်နှင့် တာယာဆိုဒ် ယခင် ၁၁-ဝဝ-၂ဝ မှ ယခု ၁ဝ-ဝဝ-၂ဝ ပြောင်းလဲ ဝိတ်လျော့အသုံးပြုခဲ့ရာ ကား၏အလေးချိန်မှာ ၇ တန်ခွဲမှ ၈ တန်သာရှိကြောင်း သိရပါတယ်။ ၆ ဘီးကားတစ်စီး၏ ကုန်တင်ခမှာ ရာသီပေါ်သီးနံှ (ဖရဲသီး)တစ်တန် တစ်သိန်းနှစ်သောင်းဖြစ်ပြီး၊ အခြားကုန်စုံသယ်ယူခမှာ ယခင်တစ်ပိဿာ ၃ဝ ကျပ်၊ ၃၅ ကျပ်မှ ယခု တစ်ပိဿာ ၆ဝ ကျပ်ကျော်ဖြင့် အလုပ်ဖြစ်နေပါတယ်။ ကျော်ဇင်သန်း