Main menu

Background

ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက်

Sun, 02/27/2011 - 09:11 -- Anonymous (not verified)

ဈေးကောင်းစောင့်တဲ့ ရှမ်းချင်းဈေးကွက်                ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်း နေပါသေးတယ်။ အောင်ပန်းနဲ့ ကလောနယ်တစ်ဝိုက်ကသာ အနည်းငယ်ဝင်နေသေးတယ်လို့ သိရပါတယ်။ အချို့တောင်သူတွေက ပစ္စည်းတွေက မဖော်သေးဘဲ အဲဒီအတိုင်းထားပြီး ဈေးကောင်းရမှသာ ဖော်မယ်ဆိုပြီး ထားကြတာကြောင့် အဝင်နည်းလာတာ ဖြစ်တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်တွေကလည်း ဈေးကွက်ကို အနည်းငယ်သာ ဝင်နေပါသေးတယ်။ မတ်၊ ဧပြီလဆိုရင် ချင်းစိုတွေ အဝင်ပိုနည်းသွားပြီး၊ ချင်းခြောက်တွေသာ အဝင်လှိုင် လာတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်းစိုဈေးက တစ်ပိဿာကို ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။              ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ဒီနှစ် ဟိုပုံးမြို့နယ်မှာ ချင်းစိုအထွက်လျော့ပြီး ထွက်တဲ့ချင်း တွေကလည်း ယခင်နှစ်တွေကလို အခက်လှ၊ အခက်ကြီးတွေ သိပ်မများဘဲ ချင်းညံ့ လို့ခေါ်တဲ့ အသေးတွေသာ အထွက်များပါတယ်။ အညံ့စ ချင်းတွေကို ချင်းခြောက် အဖြစ် ပြန်လည် ပြုလုပ်တာကြောင့် ချင်းစိုနည်းပြီး ချင်းခြောက်ကတော့ ဈေးကွက် မှာ များများစားစားဝင်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဟိုပုံးဈေးကွက်မှာ ချင်းခြောက်က တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပြီး၊ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၃ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်