Main menu

Background

အင်းစနနွင်း ဈေးကွက်စဝင်

Sun, 02/27/2011 - 09:22 -- Anonymous (not verified)

အင်းစနနွင်း ဈေးကွက်စဝင်                  ရှမ်းပြည်နယ်တောင်ပိုင်းမှာ နနွင်းကို အင်းလေးဒေသရဲ့ အရှေ့ဖက်တစ်ကြောမှာလည်း အတော်များများ စိုက် ပျိုးကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းပြီးရင် အင်းလေးနနွင်းကလည်း ဈေးကွက်ဝင်ပါတယ်။ ပင်လောင်းနနွင်းကတော့ အဖြူများတာကြောင့် လူကြိုက်နည်းပြီး ရောင်းပန်းသိပ်မလှပါဘူး။ ယခုလောလောဆယ် ဈေးကွက် မှာတော့ အင်းစလို့ခေါ်တဲ့ နနွင်းတွေက ဈေးကွက်ကို ဝင်လာနေပါပြီ။ အင်းလေးအရှေ့ဖက်ခြမ်းမှာစိုက်တဲ့ နနွင်းက တစ်ရာသီကို ပိဿာချိန် ၈ သိန်း၊ ၉ သိန်းခန့်ထွက်ပါတယ်။ အင်းစနနွင်းက တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ရွာငံနယ်က ဝင်တဲ့ ပြိုင်စနဲ့ အောင်ပန်းနယ်တစ်ဝိုက်က ဝင်နေတဲ့ ရိုးရိုးစတွေကတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်-၂၂ဝဝ ကျပ်၊ ဆင်တောင်နနွင်းက တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေးရှိပါတယ်။ ဆင်တောင်နနွင်းကတော့ လက်ကျန်နည်းနေပြီလို့ သိရပါတယ်။ နနွင်းကလည်း ချင်းလိုပါပဲ။ မတ်လကုန် ဧပြီလမှသာ အဝင်လှိုင်လာမှာဖြစ်ပါတယ်။ ပြည်ပဝယ်လက်မရှိပေမဲ့ ပြည်တွင်း သုံးအတွက် မန္တလေး၊ မြင်းခြံ၊ မိတ္ထီလာဖက်က ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ နနွင်း တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်