Main menu

Background

ဆိုဈေးမာနေတဲ့ ဗမာနနွင်းတက်

Sun, 02/27/2011 - 09:23 -- Anonymous (not verified)

ဆိုဈေးမာနေတဲ့ ဗမာနနွင်းတက်            ကျောက်ဆည်၊ မြစ်သားနယ်မှ ထွက်ရှိသော ဗမာနနွင်းတက်မှာ အသစ်စတင်ထွက်ရှိလာသော်လည်း ယခုရက်ပိုင်း အရောင်းအေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်က သီးနံှပေါ်စမှစလို့ ဈေးကောင်းရ အဝယ်လိုက်ခဲ့သော်လည်း ယခုနှစ် ပြည်ပဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာ အထွက်ကောင်းတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ နနွင်းတက် ကုန်သည်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်ရှိဈေးကွက် အနေအထားကတော့ အဝယ်မလိုက်သော်လည်း တောင်သူက ဈေးတင်းခံနေတဲ့အတွက် တောင်သူဆိုဈေး တစ်ပိဿာ ၃ဝဝဝ ကျပ်ရှိတယ်လို့ နနွင်းတက် အရောင်း အဝယ်ပြုလုပ်နေသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်းးသင်းးမြတ်