Main menu

Background

ဝယ်လိုအားကောင်းနေလို့ အိန္ဒိယနနွင်းဈေး အတက်ဘက်ဆက်လက်ချီတက်ဖွယ်ရှိ

Sun, 02/27/2011 - 09:25 -- Anonymous (not verified)

 ဝယ်လိုအားကောင်းနေလို့ အိန္ဒိယနနွင်းဈေး အတက်ဘက်ဆက်လက်ချီတက်ဖွယ်ရှိ            အိန္ဒိယပြည်တွင်းဈေးကွက် နနွင်းဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားတက်နေတာကြောင့် နနွင်းဈေးက အမြင့်ဘက် ဆက်လက်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုန်သည်များက ဈေးနှုန်းသိသိသာသာကျဆင်းအုံးမယ်လို့ မျှော်လင့်ထားပြီး လာမယ့် သီတင်းပတ်မှာ ဝယ်လိုအားတက်ဖို့ မျှော်လင့်ထားကြပါတယ်။              နနွင်းသစ်ဝင်ရောက်မှုကလည်း ဈေးကွက်များအတွင်း ဝယ်လိုအားအသစ်ကို စောင့်ဆိုင်းနေလို့ ထင်သလောက် မဝင်လာသလို လက်ကျန်နည်းတဲ့ အခြေအနေတွေက ဈေးနှုန်းတက်အောင် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာ နနွင်းဝင်ရောက်မှု နှောင့်နှေးခြင်းနဲ့ လက်ကျန်နည်းလာခြင်းတို့ကြောင့် ကာလလတ်မှာ ဈေးနှုန်းကို အထောက် အပံ့ဖြစ်နိုင်ဖွယ်ရှိပါတယ်။            လာမယ့်သီတင်းပတ်တွေမှာ ပြည်တွင်းရော ပြည်ပမှာ အဝယ်တက်မယ့် အလားအလာရှိပြီး စိုက်ပျိုးထားတဲ့ အပင် တွေလည်း ပျက်စီးတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ နနွင်းစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာမှာ မိုးကောင်းခြင်းက ယခုနှစ် အထွက်နှုန်းကို ပိုမို ကောင်းစေပြီး ယင်းမျှော်လင့်ချက်ကြောင့်ပင် ဈေးနှုန်းမြင့်တက်မှုကို ဖိအားဖြစ်စေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခုနှစ်မှာ ၇ဝ ကီလိုပါအိတ် ၆၅ သိန်းနဲ့ ၇ဝ သိန်းအကြားထွက်ရှိမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလအတွင်း နနွင်းတင်ပို့မှုဟာ တန်ချိန် ၃၅၅ဝဝ ရှိလို့ ၂ဝဝ၉ ခုနှစ် ကာလတူတင်ပို့မှု တန်ချိန် ၄ဝ၈၂၅ ထက် ၁၃ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နနွင်းအခက် တစ်တန်ကို ရူပီး ၈၁၉၉ဝ-၁၁၇၆၉ဝ (ကန်ဒေါ်လာ ၁၈၁၂-၂၆ဝ၄) နဲ့ နနွင်းဥ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ၉ဝ-၁၁၂ဝ၆ဝ (ကန်ဒေါ်လာ ၁၇၂၈-၂၄၇၉) နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊Source: business standard