Main menu

Background

တန်ချိန် ၃ဝဝ နီးပါးပို့

Sun, 02/27/2011 - 09:29 -- Anonymous (not verified)

တန်ချိန် ၃ဝဝ နီးပါးပို့             ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မန်ကျည်းသီးတန်ချိန် ၂၉၇ တန် တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေကတော့ စင်ကာပူနိုင်ငံကို ၉၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို ၂၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကိုတန်ချိန် ၁၄၉ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၅ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ၁ဝ၆၁၈ဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ၇၄ တန်သာပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ ၄ ဆလောက်ပိုပြီး ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)