Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲဈေးလှုပ်ပြီး ပဲစင်းငုံနီနှင့် ပဲတီစိမ်း(ခရမ်းရွှေဝါ)ဈေး အနည်းငယ်ဆင်းလာ

Sun, 02/27/2011 - 09:34 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်           ရေတွက်ပုံ         (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)             ပြောင်းလဲမှု                                                  ယခင်       ယခု         ယခင်         ယခု ၁ မတ်ပဲ(RC)              ၁ တန်            ၇၂၅ဝဝဝ-၇ဝ၉ဝဝဝ         -              -၂ မတ်ပဲ(SQRC)          ၁ တန်             ၈ဝ၅ဝဝဝ-၇၉၈ဝဝဝ         -              -၃ မတ်ပဲ(ကုန်ကြမ်း)       ၁ ပိဿာ                    -                     ၁၁၈၅-၁၁၆ဝ၄ ကုလားပဲဖြူလုံးကြီး     ၁ပိဿာ                     -                      ၁ဝဝဝ-၁ဝဝဝ၅ ပဲစင်းငုံနီ (RC)          ၁ တန်                       -                   ၇၃ဝဝဝဝ-၇၁၄ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)        ၁ ပိဿာ                   -                   ၂၁ဝဝ-၁၉၈ဝဘုရင့်နောင်မှာ မတ်ပဲဈေးလှုပ်ပြီး ပဲစင်းငုံနီနှင့် ပဲတီစိမ်း(ခရမ်းရွှေဝါ)ဈေး အနည်းငယ်ဆင်းလာ                     ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC) က ဈေးအတက်အကျနဲ့လှိုင်းစီးပြီး အရောင်းအဝယ်ဖြစ်နေသလို ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း)ကလည်း ဈေးကွက်သို့ အဝင်များနေသလို ပြည်ပ ဝယ်လိုအားကလည်း နည်းနည်းအေးသွားတာကြောင့် ဈေးအနည်း ငယ်ဆင်း လာပြီး အရောင်း အဝြယ်ဖစ်ခဲ့တယ်လို့ သိရပါတယ်။မတ်ပဲ (RC) ကို အိတ်စပို့ဝယ်လက်တွေက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင် ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်၊ အိန္ဒိယမွန်ဘိုင်းမှာ မြန်မာ့မတ်ပဲဈေး အနည်းငယ်ကျနေတာရယ်အပေါ် မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိခဲ့တာကြောင့် ၂၅-၂-၂ဝ၁၁ နေ့မှာတော့ ၇ဝ၉ဝဝဝ ကျပ်သာရှိပါတော့တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပတ်အတွင်း တန်ချိန် ၃ဝ၆ဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ။် ပဲစင်းငုံနီကို ပြည်ပဝယ်လိုအားအေးနေတဲ့အပေါ် အိတ်စပို့ ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၁၄ဝဝဝ ကျပ် မှ အမြင့်ဆုံး ၇၃ဝဝဝဝ ကျပ်အတွင်း တန် ၅၇၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့သလို ပဲစင်းငုံနီ(အဟောင်း)ကိုလည်း အိတ်စပို့ဝယ်လက်တွေက တစ်တန်ကို ၆၄ဝဝဝဝ ကျပ်နဲ့ တန် ၁၈၅ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည် တစ်ဦးက ဆိုပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) ကို အိတ်စပို့ဝယ်လက်တွေက အရည်အသွေး အပေါ်မူတည်ပြီး အဝယ်ရှိပေမယ့် ပဲတီစိမ်းဈေးကွက်သို့ အဝင်များ လာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၁၉၈ဝ ကျပ်(တစ်တန်ကို ၁၂၁၂၅၃၂) နဲ့ တစ်ပတ် အတွင်း တန် ၇၃၆ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။