Main menu

Background

မုံရွာမှာ ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ရှိနေ

Sun, 02/27/2011 - 09:43 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင် စဉ် အမျိုးအမည်          ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု                                            ယခင်အပတ် ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ          ၁ဝ၂၆      ၉၇၄၂ ပဲစင်းငုံနီ                 ၁ ပိဿာ          ၁၁၁ဝ       ၁ဝ၈၅၃ ပဲတီစိမ်းကြီး             ၁ ပိဿာ           ၁၄၇၄      ၁၄၇၄၄ မတ်ပဲ(သစ်)             ၁ ပိဿာ           ၁၁၁ဝ      ၁ဝ၇၅၅ ပဲတီစိမ်းသေး            ၁ ပိဿာ          ၁၂၁၁       ၁၂၈၉ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းသေးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ရှိနေ                  ပဲတီစိမ်းကြီးထက်စာရင် ပဲတီစိမ်းသေးကို ရန်ကုန်ဝယ်လက် ကအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းးငယ်မြင့််လာပြီး တစ်ပိဿာကို ၁၂၈၉ ကျပ်(တစ်တန်ကို ၇၈၉၃၇ဝ ကျပ်)နဲ့နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် က ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေး ကျလာတဲ့အပေါ် ဈေးလျော့ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ လာတယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝ၈၅ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ မှ၂ဝဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကုလားပဲဖြူလုံးကြီးကို  ပဲခွဲစက်လုပ်ငန်းရှင်များသာမက ရန်ကုန်ဝယ်လက်ကပါ အဝယ်သွက် လာပေမယ့် ဈေးကွက်သို့ အဝင်များတာကြောင့်  ဈေးကအကျဘက် မှာ ရှိနေတယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၇၄ ကျပ်(တစ်တန်ကို ၅၉၆၄၆၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။