Main menu

Background

ကုန်စည်ဒိုင် သုံးသပ်ချက်

Wed, 03/02/2011 - 05:03 -- Anonymous (not verified)

 ကုန်စည်ဒိုင် သုံးသပ်ချက်           မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယ-မွန်ဘိုင်း ဈေးကွက်မှာ မြန်မာမတ်ပဲဈေးအနည်းငယ်ကျနေတာရယ်၊ ရန်ကုန်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေ ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ နဲ့ ဟင်္သာတမှာ ဈေးကျနေပြီး ပြည်တွင်ဈေးငြိမ်ေ် နကြောင်း တွေ့ရပါတယ်။                ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ပြည်ပအဝယ်အေး နေတာကို အကြောင်းပြပြီး ဈေးချဝယ်ယူမှုတွေရှိတာကြောင့် ဘုရင့် နောင်၊ မန္တလေး၊ မုံရွာ၊မကွေး၊ ပြည်၊ မြင်းခြံ၊ အောင်လံနဲ့ ပခုက္ကူ မှာ ဈေးကျနေကြောင်း သိရပါတယ်။                  ပဲတီစိမ်းကြီး(အညာ)ကို တရုတ်ဝယ်လက်တွေက အဝယ် နည်းသွားတာကြောင့် မန္တလေးနှင့် အောင်လံတွင် ဈေးကျ နေပြီး ပြည်၊ မုံရွာနဲ့ မကွေးမှာ ဈေးတန့် နေကြောင်း သိရပါတယ်။                    ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို တရုတ်ဝယ်လက်က ဝယ်အား ပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များကလည်း အရောင်းများ လာသလို ပဲတီစိမ်းကလည်း ဈေးကွက်သို့ အဝင်များတာကြောင့် ဘုရင့်နောင် နဲ့ မန္တလေးတငွ ် ဈေးကျ နေကြောင်း တွေ့ ရပါတယ။်                     ကုလားဖြူလုံံံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန် ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ကုလားပဲဖြူလုံးကြီး ဈေးကွက်သို့ အဝင်များတာကြောင့် မန္တလေး နှင့် မုံရွာ မှာ ဈေးကျ နေပြီး ဘုရင့်နောင်နဲ့ မြင်းခြံမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။ ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များကဝယ်အားပုံမှန်ရှိတာကြောင့် မူဆယ်နဲ့တောြင်ကီး မှာ ဈေးမြင့့်် နေပြီး လားရှိုး မှာ ဈေးမဆိုသိသလောက်က်ကျနေတာ တွေ့ ရပါတယ။်