Main menu

Background

ဗီယက်နမ်ဆန်အမြင့်ဈေးနဲ့ တင်ပို့ဖို့ မလွယ်ကူတော့ပါ

Sun, 03/06/2011 - 04:44 -- Anonymous (not verified)

 ဗီယက်နမ်ဆန်အမြင့်ဈေးနဲ့ တင်ပို့ဖို့ မလွယ်ကူတော့ပါ              ဗီယက်နမ်ဆန်တင်ပို့သူတွေဟာ ဆန်တင်သွင်းသူ တွေက ၎င်းတို့ရဲ့ ဝယ်ယူမှုနည်းလမ်းတွေကို ပြောင်းလဲခဲ့ခြင်း ကြောင့် ၂ဝ၁၁ အတွင်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ရဲ့ ပရိယာယ်သစ်              ဗီယက်နမ်ဆန်အထွက်ရဲ့ သုံးပုံတစ်ပုံခန့် ဝယ်ယူနေတဲ့ ဖိလစ်ပိုင်က ၎င်းရဲ့ ဆန်တင်သွင်းမှုကို ပြောင်းလဲလိုက်တာ ကြောင့် ယခုနှစ် ပထမလတွေမှာ ဗီယက်နမ်ဆန်တင်ပို့မှုဟာ ကြီးကြီးမားမား ပြောင်းလဲခဲ့ပါတယ်။ လေလံများခေါ်ယူခြင်း အစား ကူးသန်းရောင်းဝယ်ရေးစာချုပ်များအရ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရက ယခုနှစ် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း-၁ ဒသမ ၇ သန်းတင်သွင်းဖို့ အစီအစဉ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဈေးအနိမ့်နဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ အခြား နိုင်ငံတွေမှာ ဝယ်ယူဖို့ တာဝန်ပေးခဲ့ပါတယ်။ အမှန်တော့ ၂ဝ၁၁ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလ အစပိုင်းမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ သြစတြေးလျှတို့က ဆန်တန်ချိန် ၁၆၃ဝဝဝ ဝယ်ယူဖို့ လုပ်ငန်းရှင်တွေကို ခွင့်ပြုခဲ့ပြီး ဗီယက်နမ်ဈေးကွက်က ဆန်တန်ချိန် ၆၆ဝဝဝဝ ဝယ်ယူစေခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ဗီယက်နမ်နိုင်ငံ ဟာ ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၁ ဒသမ ၅ သန်းရောင်းချဖို့ စာချုပ်များရရှိခဲ့ပြီး၊ ၂ဝ၁ဝ ခုနှစ်မှာလည်း အစိုးရအချင်းချင်း သဘောတူညီချက်နဲ့ ၁၅ မှတ်-၂၅ မှတ်ဆန်များကို ပျမ်းမျှ တစ်တန် ကန်ဒေါ်လာ ၆ဝဝ-၆၆ဝ ဈေးနဲ့ စာချုပ်များ ရရှိခဲ့ပေမဲ့ ၂ဝ၁၁ ခုနှစ် ယခုအချိန်ထိမှာတော့ ဖိလစ်ပိုင်ကို ရောင်းချဖို့ အရောင်းအဝယ်မရှိသေးဘူးလို့ ဆိုပါတယ်။             ကျွမ်းကျင်သူတွေ ပြောကြားတာတော့ ဖိလစ်ပိုင်အစိုးရ ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ကို ပထမပိုင်းမှာ တင်သွင်းစာချုပ်ဆွေးနွေးပြီး ဈေးလျှော့ချဖို့ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ကြမ်းခင်းဈေးလိုအနိမ့်ဈေးနဲ့ ဆန် တင်ပို့သူတွေဆီက ဆန်လေလံတွေ ခေါ်ယူသွားဖို့ စီစဉ် တာပါလို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းက ဗီယက်နမ် လုပ်ငန်းရှင်တွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်နဲ့ ဈေး အနိမ့်နဲ့ ကမ်းလှမ်းဖို့ဖြစ်စေပြီး ဈေးကွက်မတည်ငြိမ်မှုကို ဖြစ် စေပါတယ်လို့ ဆိုပါတယ်။             ယခုနှစ်ပထမ ၂ လမှာ ဗီယက်နမ်က ကန်ဒေါ်လာ သန်း ၆ဝဝ ကျော်ဖိုး ဆန်တန်ချိန် ၁ ဒသမ ၂ သန်းနီးပါး တင်ပို့ခဲ့လို့ ၂ဝ၁ဝ ကာလတူနဲ့ နှိုင်းယှဉ်ရင် ပမာဏအားဖြင့် ၆၃ ရာခိုင်နှုန်းနဲ့ အရည်အသွေးအားဖြင့် ၅ဝ ရာခိုင်နှုန်းတိုး တက်မှုရှိပေမဲ့ ကာလတူပျမ်းမျှဈေးနှုန်းကတော့ လျော့ကျ တယ်လို့သိရပါတယ်။လက်ရှိအခြေအနေ ကုန်သွယ်မှုများအရ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA ) ဟာ လုပ်ငန်းရှင် ၆ ဦးကို ဖိလစ်ပိုင်လုပ်ငန်းရှင်တွေနဲ့ ဆန်အရောင်း ဆွေးနွေးဖို့ တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ရခြင်းက ဆန်တင်ပို့ဈေး ကျဆင်းမှုကို ဦးတည်စေမှုက ကာ ကွယ်နိုင်ဖို့ ဖြစ်ကြောင်း သိရပါတယ်။              VFA ဟာ ဖိလစ်ပိုင်လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးဖို့ အနိမ့် ဆုံး ဈေးနှုန်းကို တိုးမြင့်သတ်မှတ်ခဲ့ရာ ၂၅ မှတ်ဆန် တစ်တန် ကန်ဒေါ်လာ ၄၄ဝ နဲ့ ၁၅ မှတ်ဆန် တစ်တန်ကန်ဒေါ်လာ ၄၅ဝ-၄၆ဝ ဖြစ်ခဲ့ပေမဲ့ အဲဒီဈေးနှုန်းဟာ ၂ဝ၁ဝ နှောင်းပိုင်းမှာ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့တဲ့ ဈေးထက် ကန်ဒေါ်လာ ၆ဝ-၁ဝဝ လျော့နည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။  ဆန်တင်ပို့သူများ အလွန်အမင်း စိုးရိမ်ဖို့မလို            ဗီယက်နမ်ဟာ လက်ရှိနွေဆန်တန် ၃ သန်း ရိတ်သိမ်းနေ ပြီ ဖြစ်ပြီး၊ လက်ကျန်အနေနဲ့ တန်ချိန် ၁ သန်းကျော်ရှိနေဆဲဖြစ်ပေမဲ့ ဟိုချီမင်းမြို့တော် စားနပ်ရိက္ခာကုမ္ပဏီ ဒါရိုက်တာ Huynh Cong Thanh ကတော့ အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ ဖိလစ် ပိုင်ရဲ့ ဆန်လက်ကျန်က အလွန်နည်းနေပြီဖြစ်လို့ မဖြစ်မနေ ဆန်ဝယ်ယူရမှာကြောင့်ပါလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုး ရဟာ လာမဲ့ တစ်လ၊ နှစ်လအတွင်း ဆန်တန်ချိန် ၁ သန်း ဝယ်ယူသွားဖို့ အရေးပေါ်ဆုံးဖြတ်ထားပါတယ်။               မလေးရှားနိုင်ငံကလည်း ပြည်တွင်းဖူဖူလုံလုံ ရောင်းချ နိုင်ဖို့ ဗီယက်နမ်နဲ့ ထိုင်းတို့က ဆန်ပိုမိုဝယ်ယူသွားဖို့ စီစဉ်နေပါတယ်။ မတ်လလောက်မှာလည်း အာဖရိကကို ရောင်းချဖို့ ဥရောပ လုပ်ငန်းရှင်တွေဟာ ဗီယက်နမ်ကို အုပ်စုဖွဲ့ လာ ရောက်နိုင်တယ်လို့ မျှော်မှန်းထားပါတယ်။ ဗီယက်နမ် ကုမ္ပဏီ များတော့ လာမယ့်လမှာ ဈေးနှုန်း မြင့်တက်မှာကို မျှော်မှန်း ပြီး လက်ရှိအချိန်မှာ ဆန်တင်ပို့စာချုပ်များချုပ်ဆိုမှု အလျင် စလို မလုပ်ဘူးလို့လည်း ွှTmex Cuu Lomg  မှ ဒါရိုက်တာ Le Tum က ပြောကြားပါတယ်။ လမင်း Source: Saigon Tiep Thi