Main menu

Background

မတ်ပဲတင်ပို့မှု တန် ၅ဝဝဝ ကျော်သာရှိဆဲ

Sun, 03/06/2011 - 04:52 -- Anonymous (not verified)

မတ်ပဲတင်ပို့မှု တန် ၅ဝဝဝ ကျော်သာရှိဆဲ            ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာလည်း တန်ချိန် ၅ဝဝဝ ကျော်သာ တင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းလို့ ဈေးကျနေသလို ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာလည်း အိန္ဒိယအဝယ်နည်းနေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက် အချို့ကတော့ ပဲတီစိမ်းဈေးမြင့်နေလို့ မတ်ပဲဘက်ကို အဝယ်ပြန်လိုက်လာတာကြောင့် တင်ပို့မှု ပုံမှန်ရှိနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၉ဝဝဝ ခန့်ရှိပြီး ဇန်နဝါရီလအတွင်းမှာ တန်ချိန် ၄၅ဝဝဝ ကျော်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တန်ချိန် ၃၈ဝဝဝ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှုလျော့ကျနေတာတွေ့ရပါတယ်။ ပြည်ပအရောင်းအဝယ်နည်းတာ ကြောင့် ရန်ကုန် FOB  ဈေးမှာ တစ်ပတ်လုံးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့မှာ လျော့ကျခဲ့ပါတယ်။                  ဒေါ်လာ/တန်                 မတ်ပဲ(FAQ)                     မတ်ပဲ(SQ)၄-၃-၁၁         ၉ဝဝ-၉၂ဝ                 ၁ဝဝဝ-၁ဝ၂ဝ၂၅-၂-၁၁       ၉၃ဝ-၉၅ဝ                ၁ဝ၃ဝ-၁ဝ၅ဝMIRT(MAPT)