Main menu

Background

အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့်ကျဆင်းလာ

Sun, 03/06/2011 - 04:57 -- Anonymous (not verified)

 အိန္ဒိယမတ်ပဲဈေး တစ်လအတွင်း ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့်ကျဆင်းလာ             အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းနေတာကြောင့် မတ်ပဲအကျဘက်ဆင်းလျက်ရှိရာ ဖေဖော်ဝါရီလကနေ မတ်လဆန်းထိ တစ်တန်ကို ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့်လျော့ကျတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းနေပြီဖြစ်ပေမဲ့ ပဲအသစ်ဝင်လာရင် ဈေးကျမယ့်ခန့်မှန်းချက်တွေအရ အဝယ်နည်းနေကြောင်း သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ပဲအထွက်လျော့ကျ နိုင်ပြီး ဈေးကွက်အတွင်း ပဲဝင်ရောက်မှုလည်း ၁ဝ ရက် - ၁၅ ရက်ခန့် နောက်ကျ မယ်လို့ သိရပါတယ်။ မွန်ဘိုင်းဈေးကွက်ပေါက်ဈေးနဲ့ C & F  ဈေးများကို ကာလတူ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                     ဒေါ်လာ/တန်                    မွန်ဘိုင်းဈေးကွက်                 မွန်ဘိုင်း(C & F ) ၃-၃-၁၁            ၈၈၄                                 ၉၂ဝ-၉၃ဝ ၃-၂-၁၁            ၉၅၉                                 ၉၄ဝ-၉၅ဝ MIRT(MAPT)