Main menu

Background

ဒေသစုံက မတ်ပဲအဝင်ရှိပြီး မန်းဈေးကွက် ပုံမှန်ရောင်းဝယ်

Sun, 03/06/2011 - 05:00 -- Anonymous (not verified)

ဒေသစုံက မတ်ပဲအဝင်ရှိပြီး မန်းဈေးကွက် ပုံမှန်ရောင်းဝယ်            မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲဧက ဝ ဒသမ ၆သိန်းခန့် စိုက်ပျိုးရန် လျာထားသော်လည်း ဧက ဝ ဒသမ ၇ သိန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားချက်ထက် ကျော်ခဲ့ပါတယ်။ တိုင်းတွင်းအများဆုံးစိုက်တဲ့မြို့နယ်များဖြစ်တဲ့ ကျောက်ဆည်၊ နေပြည်တော် ပျဉ်းမနား၊ ပျော်ဘွယ်နဲ့ နေပြည်တော်လယ်ဝေးတို့က မတ်ပဲများကို ရန်ကုန်သို့ တစ်ပတ်အတွင်း အိတ် ၄၃ဝဝ ကျော်ရောင်းဝယ်မှုရှိခဲ့ကြောင်း သိရပါတယ်။ ရွှေဘိုနဲ့ကောလင်းတို့မှလည်း ဒေသတွင်းသို့ အိတ် ၃ဝဝ ခန့် ဝင်ရောက် လာပြီး၊ ဇန်နဝါရီလက တစ်ပိဿာကို ၉ဝဝ ကျပ်၊ ၁၁၁၇ ကျပ်ရှိခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ တစ်ပိဿာကို ၁ဝ၅ဝ ကျပ်၊ ၁၁၅ဝ ကျပ်နဲ့ ပုံမှန် ရောင်းဝယ်နေကြ ကြောင်း သိရပါတယ်။ ချိုချိုမြင့်