Main menu

Background

ဟင်္သာတဈေးကွက်သို့ မတ်ပဲသစ်များ အဝင်လှိုင်ပါပြီ

Sun, 03/06/2011 - 05:04 -- Anonymous (not verified)

ဟင်္သာတဈေးကွက်သို့ မတ်ပဲသစ်များ အဝင်လှိုင်ပါပြီ            ဟင်္သာတပဲဈေးကွက်သို့ မြို့နယ်အတွင်း ကျေးရွာအုပ်စုများနဲ့ ဟင်္သာတ ခရိုင်အတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်များမှ မတ်ပဲသစ်များလည်း နေ့စဉ်ဝင်ရောက်ပြီး တစ်တင်းခွဲဝင်အိတ် ၃၅ဝ ကျပ်မှ ၅ဝဝ ကျပ်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ မတ်ပဲတစ်တင်းဈေးမှာ ယခင်အပတ်က ၂၂၅ဝဝ ကျပ်ဖြစ်ပြီး၊ ယခုအပတ်တွင် ပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၁၉ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ရန်ကုန်ဝယ်လက်များလည်း ပုံမှန်အတိုင်းရှိနေပြီး၊ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အိတ် ၄ဝဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်