Main menu

Background

ပဲစင်းငုံ တင်ပို့မှု တန် ၅ဝဝဝ ကျော်လာ

Sun, 03/06/2011 - 05:06 -- Anonymous (not verified)

ပဲစင်းငုံ တင်ပို့မှု တန် ၅ဝဝဝ ကျော်လာ            ယခင်သီတင်းပတ်က ပဲစင်းငုံတန် ၃ဝဝဝ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဖေဖော်ဝါရီလ နောက်ဆုံးပတ်)အတွင်းမှာတော့ တန် ၅ဝဝဝ ကျော်ကို တင်ပို့မှုတက်လာခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ ပဲအသစ်တွေ အဝင်လှိုင်လို့ ဈေးကျဆင်းမှုဖြစ်သလို မြန်မာပဲစင်းငုံကိုလည်း အဝယ်နှေးသွားပါတယ်။ ဒီတစ်ပတ် တင်ပို့မှု အသင့်အတင့်ရှိပေမဲ့ ဈေးကွက်ထဲမှာ ပြည်ပအရောင်း အဝယ် ဖြစ်မှု နည်းတယ်လို့ သိရပါတယ်။              ဖေဖော်ဝါရီလ တစ်လလုံး တင်ပို့မှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၂၂ဝဝဝ ခန့်ရှိပြီး ဇန်နဝါရီလမှာ တန်ချိန် ၂၄ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာတော့ တန်ချိန် ၃၂ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ် ကာလတူတင်ပို့မှု တန်ချိန် တစ်သောင်းခန့် ကျဆင်းနေတာ တွေ့ရပါတယ်။ ယခု တစ်ပတ် ရန်ကုန် FOB  ဈေးအနေနဲ့ အရောင်းအဝယ်ဖြစ်မှုနည်းလို့ ဈေးပြန် လည် လျော့ကျလာခဲ့တာ တွေ့ရပါတယ်။                 ဒေါ်လာ/တန်                                 ပဲစင်းငုံနီ                             ပဲစင်းငုံဖြူနီ၊ အဖြူ                   အသစ်           အဟောင်း         အသစ်           အဟောင်း ၄-၃-၁၁     ၉ဝဝ-၉၂ဝ       ၈၇ဝ-၈၉ဝ       ၇၆ဝ-၇၈ဝ ၂၅-၂-၁၁   ၉၄ဝ-၉၆ဝ       ၈၇ဝ-၈၉ဝ       ၇၆ဝ-၇၈ဝ             - MIRT(MAPT)