Main menu

Background

ပြည်ပဲစင်းငုံဈေး ဆက်လက်အေး

Sun, 03/06/2011 - 05:13 -- Anonymous (not verified)

ပြည်ပဲစင်းငုံဈေး ဆက်လက်အေး             ပြည်ဈေးကွက်ကို ယခုတစ်ပတ် မတ်လဆန်းပိုင်းတွင် ပဲစင်းငုံများ အဝင်ပါးလာကြောင်း သိရပါတယ်။ ယခင်နှစ် မတ်လ ယခုလိုလဆန်းပိုင်းမှာလည်း အဝင်ပါးပြီး လက်ကျန်နည်းနေတဲ့အတွက် ပိဿာ ၂ဝ တစ်တင်းကို ၂၇၅ဝဝ ကျပ်ထိ ဈေးကောင်းရခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ် မတ်လဆန်းမှာတော့ အခြားတိုင်းမှ အဝင်နည်းနေတဲ့အပြင် ဝယ်လက်များ အဝယ်အေးနေတဲ့အတွက် တစ်တင်းကို ၂ဝ၈ဝဝ ကျပ် ဈေးသာရှိကြောင်း သိရပါတယ်။ တစ်ပတ်အတွင်း အိတ် ၂ဝဝ သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။        ဆုမွန်ဆွေ