Main menu

Background

ဝယ်သူမျှော်နေတဲ့ ငုံနီ

Sun, 03/06/2011 - 05:18 -- Anonymous (not verified)

ဝယ်သူမျှော်နေတဲ့ ငုံနီ           ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံအဝင်စုံပြီးတဲ့နောက် ဒီတစ်ပတ်အတွင်း ဈေး ကွက် အေးစက်နေပါတယ်။ ဦးဆောင်ဈေးကွက်ဖြစ်တဲ့ ပြည်ပက အဝယ်နှေး နေတော့ ပြည်တွင်းက ပို့ကုန်သမားတွေလည်း နယ်အော်ဒါမချပါဘူး။ ကုမ္ပဏီ ဝယ်လက်တွေ အမှာစာမရှိတော့ နယ်ကလက်ခွဲအဝယ်ကုန်သည်တွေလည်း အလု အယက် ဝယ်ယူတာ မတွေ့ရပါဘူး။ ဒီတော့ပစ္စည်းလက်ဝယ်ရှိတဲ့ ကုန်သည်တွေ ဝယ်သူမျှော်နေကြရပါတော့တယ်။ ယခုတစ်ပတ် အတွင်း ပဲစင်းငုံနီ တစ်တင်းကို ၂ဝဝဝဝ ကျပ်မှ ၂၁ဝဝဝ အတွင်းမှာပဲ ဒီနေ့ ၁ဝဝ ကျပ်တက်ရင် မနက်ဖြန် ၂ဝဝ ကျပ် ဆင်းရင်းနဲ့ အဆင်းဘက်ကို အားသန်နေတာတွေ့ရပါတယ်။ ခုချိန်ဟာ ဆောင်းသီးနံှပေါ်တဲ့ ရာသီဆိုတော့ အခြားပဲမျိုးစုံပေါ်မှာ ဈေးကွက်က ပြန့်သွားတာ ကြောင့်လည်း ဖြစ်မှာပါ။                                                     မောင်မောင်အေး