Main menu

Background

ပဲလွန်းဖြူ၊ အနီ တန် ၁၂ဝဝ ခန့်ထိ တိုးတင်လာ

Sun, 03/06/2011 - 05:20 -- Anonymous (not verified)

ပဲလွန်းဖြူ၊ အနီ တန် ၁၂ဝဝ ခန့်ထိ တိုးတင်လာ              အခြားပဲ အုပ်စုတွေထဲမှာ ပင်လယ် ရေကြောင်းက တင်ပို့မှုအများဆုံး ပဲကတော့ ပဲလွန်းဖြူ၊ အနီပဲဖြစ်ပါ တယ်။ ယခင်သီတင်းပတ်က တန် ၁ဝဝဝ အတင်ရှိခဲ့သလို ယခုသီတင်း ပတ် (ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၈ ရက်) အတွင်းမှာ တန် ၁၂ဝဝ ထိတိုး တင်လာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ပြည်ပအဝယ်ရှိသလို ပြည်တွင်းဈေးကွက် အသီးသီးမှာလည်း အရောင်း အ ဝယ် သွက်နေတယ်လို့ သိရပါတယ်။               ၂ဝ၁၁ ဇန်နဝါရီလအတွင်းမှာ ပဲလွန်းဖြူတန်ချိန် ၆ဝဝ ခန့်တင်ပို့ခဲ့ပြီး ဖေဖော်ဝါရီလမှာ တန် ၁၇ဝဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဖေဖော်ဝါရီလမှာ တန်ချိန် ၂၈ဝဝ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ကာလတူ တင်ပို့မှု လျော့ကျတာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးမှာ ယခင်တစ်ပတ် ဖြစ်ပေါ်ခဲ့တဲ့ ဈေးအတိုင်း  FAQ တစ် တန်ကို ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ SQ  တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ- ၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT- MAPT