Main menu

Background

မူဆယ်မှ တင်ပို့မှုမှန်နေတဲ့ ပဲလွန်းဖြူ

Sun, 03/06/2011 - 05:22 -- Anonymous (not verified)

မူဆယ်မှ တင်ပို့မှုမှန်နေတဲ့ ပဲလွန်းဖြူ                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂၁၆ဝဝ တန်ဖိုးရှိ ပဲလွန်းဖြူ ၂၅၄ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန် ၂၄ဝ ကျော် တင်ပို့ခဲ့တာမို့ ပုံမှန်လေး တင်ပို့နိုင်တာတွေ့နေရပါတယ်။ဖေဖော်ဝါရီလတစ်လလုံး နယ်စပ်မှ ပဲလွန်း ဖြူ တန် ၅၆ဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ မြေပြင်ပေါက်ဈေးများ ကတော့ မိမိဘက်မှာ ရောတစ်ဘက် နိုင်ငံမှာပါ ဈေးကျနေတာ တွေ့ရပါ တယ်။ယခင်အပတ်နဲ့ ယခုအပတ်နှစ်နိုင်ငံ ပေါက်ဈေးများကို ဖော်ပြပေး လိုက်ရပါတယ် -                               မိမိဘက် (ကျပ်/တန်)                     တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)        ယခု              ယခင်       ပြောင်းလဲမှု       %        ယခု         ယခင်  ပြောင်းလဲမှု    %     ၉၂၉၈၁၆       ၉၃၇၆ဝ၃      ၇၇၈၇          ဝ .၈       ၁ဝ၅၃      ၁ဝ၈၃      ၃ဝ            ၃MIRT(DOBT)