Main menu

Background

ဈေးအေးလာတဲ့ မန်းဗွီတူး

Sun, 03/06/2011 - 05:46 -- Anonymous (not verified)

ဈေးအေးလာတဲ့ မန်းဗွီတူး             မန်းဈေးကွက်သို့ ကုလားပဲသစ်များ စီးဝင်မှု အားကောင်းပေမဲ့ ရန်ကုန် ဝယ်လက်နဲ့ ဒေသတွင်းခွဲစက် လုပ်ငန်းရှင်များ ဝယ်လိုအားနည်းလာတာကြောင့် ယခင်အပတ်ထက် အရောင်းအေး ဈေးအေးလာတာ တွေ့ရပါတယ်။ ယခင်အပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၉၃၄ ကျပ်၊ တစ်တန် ၅၇၁၉ဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၈၈ဝ ကျပ်၊ တစ်တန် ၅၃၈၉ဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြသော်လည်း ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၉ဝဝ ကျပ်၊ တစ်တန် ၅၅၁ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၈၁၈ ကျပ်၊ တစ်တန် ၅ဝဝ၉ဝဝ ကျပ်ဈေးကို ဈေးအေးရောင်းဝယ်ကြပါတယ်။ ယခုတစ်ပတ်မှာ ဈေးကွက်တွင်းသို့ စီးဝင်မှု အားကောင်းသလောက် ဝယ်လိုအားနည်းလာတဲ့အတွက် ဈေးအေးလာတယ်လို့ ပဲကုန်သည်တို့က ပြောပါတယ်။                ကျော်ကျော်မိုး