Main menu

Background

အိန္ဒိယကုလားပဲဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ ပြန်လည်မြင့်တက်

Sun, 03/06/2011 - 05:47 -- Anonymous (not verified)

အိန္ဒိယကုလားပဲဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ ပြန်လည်မြင့်တက်               အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ အစောပိုင်းရက်တွေက ကုလားပဲ ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ မတ်လ ၁ ရက်မှာတော့ ပဲခွဲစက်များနဲ့ လှောင်လက်အချို့ အဝယ်ရှိလာလို့ ဈေးပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်ရက်တွေက ဆက်တိုက်ကျဆင်းလာခဲ့ခြင်းက အချို့ဝယ်လက်တွေ အဝယ် ပြန်ထွက်ဖို့ ဖန်တီးခဲ့သလို ဖြစ်တာကြောင့် လက်ငင်းရော၊ ကြိုပွိုင့်ပါ မြင့်တက်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ ပဲရိတ်သိမ်းမှု ပြီးစီးပြီဖြစ်ပြီး ေြွခလှေ့နေပြီဖြစ်လို့ ကာလတိုအတွင်း ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်သလို ရာဂျက်စသန်မှာ လည်း ၁ဝ ရက်အတွင်း ရိတ်သိမ်းမှု စတင်တော့မှာဖြစ်လို့ တစ်လအတွင်း ပဲအသစ်တွေ လှိုင်လှိုင်ဝင်လာတော့မှာ ဖြစ်ပါတယ်။ ပဲအသစ်ဝင်ရောက်မှု တိုးတက်သလို အခြားပဲတွေ ဈေးကွက်အတွင်း ဝင်ရောက်လာနေတာကြောင့် လာမယ့်ရက်တွေမှာ ကုလားပဲဈေး ကျဆင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒေလီလက်ငင်းဈေးကွက်မှာ မတ်လ ၃ ရက် ကုလားပဲတစ်တန်ကို ရူပီး ၂၅၂၆၆ (ကန်ဒေါ်လာ ၅၅၈) နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ယမင်းခင်၊ ှSource: Angel Commodities