Main menu

Background

မန်းမြေထောက်ပဲသစ် အဆွဲအေးလို့ ဈေးအေး

Sun, 03/06/2011 - 05:51 -- Anonymous (not verified)

မန်းမြေထောက်ပဲသစ် အဆွဲအေးလို့ ဈေးအေး                   မန်းဈေးကွက်ကို ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ ကလေးဝဒေသများမှ ထွက်ရှိတဲ့ မြေထောက်ပဲများ စီးဝင်နေတာတွေ့ရပါတယ်။ စီးဝင်နေတဲ့ မြေထောက်ပဲတွေကို ရန်ကုန်ဝယ်လက်များကသာ အဓိကထားဝယ်ယူပြီး ဒေသတွင်းမှာ အနည်းငယ်သာ အသုံးပြုတာတွေ့ရပါတယ်။ ယခုတစ်ပတ် ရန်ကုန်ဝယ်လက်တွေ အဝယ်အေး လာလို့ ဈေးအေးလာတာဖြစ်ပြီး ယခင်တစ်ပတ်က မြေထောက်ပဲ တစ်ပိဿာ ၈၃၃ ကျပ်(တစ်တန် ၅၁ဝဝဝဝ ကျပ်) ရှိပြီး ယခုတစ်ပတ်မှာ တစ်ပိဿ ၇၅၉ ကျပ်( တစ်တန်ကို ၄၆၄၈ဝဝ ကျပ်) ဈေးတို့နဲ့ အရောင်းအဝယ် ဖြစ်နေ ကြပါတယ်။ ယခုတစ်ပတ်အတွင်းမှာ ဈေးကွက်အတွင်းကို မြေထောက်ပဲသစ်များ အဝင်များနေပေမဲ့ ရန်ကုန်ဝယ်လက်အေးသွားတာကြောင့် ဈေးအေးလာပြီး အရောင်းအဝယ်လည်း အေးလာတာဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။                                                                   ကျော်ကျော်မိုး