Main menu

Background

ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်တဲ့ ပဲနောက်

Sun, 03/06/2011 - 05:54 -- Anonymous (not verified)

ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်တဲ့ ပဲနောက်             ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲနောက်သီးနံှမှာ အခြားသော ဆောင်းသီးနံှ ပဲများလောက်စိုက်ပျိုးမှု မများဘဲ ပြည်ခရိုင်အတွင်းမြို့နယ်များနဲ့ သာယာဝတီခရိုင်အတွင်းရှိ မိုးညိုမြို့နယ်တွင်သာ စိုက်ပျိုးမှုရှိခဲ့ပါတယ်။ စုစုပေါင်း စိုက်ဧက ၁ သောင်းကျော်ခန့် စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းအနေဖြင့် တစ်ဧက ၁၄ တင်း အထိထွက်ရှိခဲ့ကြောင်း သိရပါတယ်။ ပဲနောက်သီးနံှကို အခြားတိုင်းသို့ တင်ပို့ ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်းသာ ရောင်းဝယ်မှု ရှိကြပါတယ်။ ပဲနောက် ဈေးနှုန်းမှာ ယခင်နှစ်က ဇန်နဝါရီလအတွင်း တစ်တင်း ၃၉ဝဝဝ ကျပ်ထိ ဈေးကောင်း ရရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။          ခင်ဆွေဝင်း