Main menu

Background

စစ်ကိုင်းပဲကြီးသစ်များ Export ဝယ်လက်ဆွဲ

Sun, 03/06/2011 - 05:56 -- Anonymous (not verified)

စစ်ကိုင်းပဲကြီးသစ်များ Export ဝယ်လက်ဆွဲ               မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း ပဲကြီးတစ်ပိဿာ အနိမ့် အမြင့်ဈေးမှ ၉၄၇ ကျပ်၊ ၁၁၈၄ ကျပ်၊ ယခင်နှစ်ကာလတူဈေးမှာ ၁ဝ၅၃ ကျပ်၊ ၁၄၂၁ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ဘုတလင်၊ ကနီ၊ ယင်း မာပင်၊ ပုလဲ၊ ချောင်းဦး၊ မြောင်မြို့နယ်များမှ ပဲကြီးအသစ်များ မုံရွာမြို့ကို ဝင်ရောက်ပါတယ်။ Export  ဝယ်လက်ရှိလို့ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ရန်ကုန်သို့ ပဲကြီးတင်း ၁၂ဝဝ ကျော်၊ မန္တလေးသို့ ပဲကြီးတင်း ၂၉ဝ ကျော်စီးထွက်ခဲ့ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် ပျမ်းမျှတင်း ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်း ရပ်ကွက်က သိရပါတယ်။ သန်းသန်းတင်