Main menu

Background

မန်းဈေးကွက်က ပဲကြီးသစ် အမြင့်ဈေးနဲ့နေ

Sun, 03/06/2011 - 05:57 -- Anonymous (not verified)

မန်းဈေးကွက်က ပဲကြီးသစ် အမြင့်ဈေးနဲ့နေ             ဒေသတွင်းရှိ ကျောက်ဆည်၊ မတ္တရာတို့မှ သီးနံှအသစ်များထွက်ရှိလာပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းကလည်း ဝင်ရောက်လာတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း မုံရွာမှလည်း ဒီတစ်ပတ်အတွင်း ဒေသတွင်းသို့ ပဲကြီးသစ် အိတ် ၂ဝဝ ခန့်ဝင်လာတာ တွေ့ရပါတယ်။ တိုင်းတွင်းဒေသများဖြစ်တဲ့ ကျောက်ဆည်နဲ့မတ္တရာတို့က ထွက်တဲ့ ပဲမှာ အလုံးသေးပြီး ပစ္စည်းလှတယ်လို့သိရပါတယ်။ ရန်ကုန်ကို တစ်ပတ်အတွင်း အိတ် ၂ဝဝ ခန့် စီးဆင်းသွားပါတယ်။ ပဲကြီး ၃ တင်းတစ်အိတ်ကို အသစ်က ၆၅ဝဝဝ ကျပ်နဲ့ အဟောင်းက ၆ဝဝဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြကြောင်း သိရပါတယ်။ ချိုချိုမြင့်