Main menu

Background

အိန္ဒိယရဲ့ ဆီးနှင်းခဲတဲ့ အခြေအနေက ကနေဒါပဲလုံးတင်ပို့မှုကို တိုးတက်စေနိုင်

Sun, 03/06/2011 - 05:59 -- Anonymous (not verified)

အိန္ဒိယရဲ့ ဆီးနှင်းခဲတဲ့ အခြေအနေက ကနေဒါပဲလုံးတင်ပို့မှုကို တိုးတက်စေနိုင်               အိန္ဒိယရဲ့ ပဲလုံးစိုက်ပျိုးမှုဟာ ဆီးနှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းကျဆင်းတဲ့အတွက် ကနေဒါ တောင်သူများ ပဲလုံး တိုးမြင့်တင်ပို့နိုင်တဲ့ အချိန်အခါကောင်းကို မျှော်လင့်လျက်ရှိပါတယ်။ ယခုရာသီ အိန္ဒိယ ပဲလုံးအထွက်ဟာ အစောပိုင်းမှာ တန်ချိန် ၇ သိန်းထွက်မယ်လို့ ခန့်မှန်းထားရာက အချို့ဒေသတွေမှာ အအေးပိုပြီး နှင်းခါးရိုက်မှုတွေကြောင့် တန်ချိန် ၅၅ဝဝဝဝ ဝန်းကျင်သာ ထွက်ရှိနိုင်ဖွယ်ရှိတယ်လို့ ကနေဒါ ဝက်ဘ်ဆိုဒ် catlemen.ca မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံအဓိကတင်သွင်းသူဖြစ်ပြီး နှစ်စဉ်တန်ချိန် ၃ သန်းဝန်းကျင် လိုအပ်လျက်ရှိပါတယ်။ ယခင် နှစ်က အိန္ဒိယကို တင်ပို့မှုအားလုံးရဲ့ ၆၈ ရာခိုင်နှုန်းခန့်ရှိတဲ့ ပဲလုံးတန်ချိန် ၂ ဒသမ ၈ သန်းကို ကနေဒါနိုင်ငံက တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတော့ ကနေဒါ ပဲလုံးတင်ပို့မှုက တန်ချိန် ၂ ဒသမ ၃ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ကနေဒါရဲ့ ယခုနှစ် ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၁၃ သန်းလို့ ခန့်မှန်းထားလို့ ၂ဝ၁ဝ-၁၁ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၆၈၇ သန်းထက် ကျဆင်းမယ်လို့ ဆိုပါတယ်။ ၂ဝ၁၁-၁၂ သီးနံှရာသီအတွက် ကနေဒါ ပဲမျိုးစုံလက်ကျန်ဟာ တန်ချိန် ၃ သိန်းခန့် သာရှိနိုင်လို့ ယခင်နှစ်က ကျန်ရှိတဲ့ တန်ချိန် ၇၉၅ဝဝဝ ထက် လျော့ကျမယ်လို့ ဆိုပါတယ်။ လတ်တလော ပဲမိုျးစုံဈေးကွက်မှာ ပဲစိမ်းလုံး တစ်ဘူရှယ်ကို ၈ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၉၃.၉၅) နဲ့ ပဲဝါလေး တစ်ဘူရှယ်ကို ၇ ဒသမ ၇၉ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၆.၂၃) ရှိတယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: commodityonline