Main menu

Background

၂ဝ၁၁-၁၂ မှာ အိန္ဒိယပဲမျိုးစုံ တန် ၃ ဒသမ ၄ သန်း တင်သွင်းဖို့လို

Sun, 03/06/2011 - 06:01 -- Anonymous (not verified)

 ၂ဝ၁၁-၁၂ မှာ အိန္ဒိယပဲမျိုးစုံ တန် ၃ ဒသမ ၄ သန်း တင်သွင်းဖို့လို

            ၂ဝ၁၁ -၁၂ ခုနှစ်အတွင်း ပဲမျိုးစုံ အမြောက်အမြား ထွက်လာပေမဲ့လည်း တိုးတက်နေတဲ့ ဝယ်လိုအားကို ပြည့်မီ စေဖို့ အရေးပါတဲ့ ပဲမျိုးစုံ တန်ချိန် ၃ ဒသမ ၄ သန်းခန့်တော့ တင်သွင်းဖို့ လိုအပ်လိမ့်မယ်လို့ အစိုးရပါလီမန်အဖွဲ့က မတ်လ၁  ရက်နေ့မှာ ပြောကြားကြောင်းသိရပါတယ်။

           စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ် ခန့်မှန်းချက် အရ ၂ဝ၁၁-၁၂ အတွင်း ပဲမိုျးစုံထုတ်လုပ်မှု တန်ချိန် ၁၆ ဒသမ ၅၁ သန်းခန့် ရှိမယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီသော မတ်က ဆိုပါတယ်။ စီမံကိန်းရေးဆွဲရေး ကော်မရှင်ရဲ့ ခန့်မှန်း ချက်အရ ဒီကာလအတွင်း နိုင်ငံရဲ့ ပဲလိုအပ်ချက်ဟာ တန်ချိန် ၁၉ ဒသမ ၁၁ သန်းရှိလို့ အဲဒီ လိုအပ်ချက်ပြည့်မီဖို့ ပြည်ပက တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းရမယ်လို့ သောမတ်က ထပ်လောင်း ပြောကြားတာဖြစ်ပါတယ်။

            ပြည်တွင်းရောင်းချမှုနဲ့ ဝယ်လိုအားအကြားကွာဟမှုက လာမယ့် ကာလတွေမှာလည်း ရှိနေအုံးမှာဖြစ်လို့ ပဲမျိုးစုံ ပြည်တွင်းရောင်းချမှု တိုးတက်စေဖို့နဲ့ ဈေးနှုန်းတည်ငြိမ်စေဖို့ အတွက် တင်သွင်းခွန် သုညနဲ့ ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုထားကြောင်းလည်း ၎င်းက ပြောကြားပါ တယ်။ ယမင်းခင်၊ှSource: P T I