Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး(ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 03/06/2011 - 06:04 -- Anonymous (not verified)

ဖေဖော်ဝါရီလ ဒီဇယ်ဆီအဝင် တန်ချိန် တစ်သိန်းကျော်ရှိခဲ့                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီလ ၂ဝ ရက်မှ ၂၈ ရက် တာကာလအတွင်း ဒီဇယ်ပီပါ တစ်သိန်းငါးသောင်းခြောက်ထောင်၊ တန်ချိန်အားဖြင့် ၂ဝ၈၁ဝ တန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီတင်သွင်းမှုက တန်ချိန် နှစ်သောင်းလေးထောင်ကျော် ရှိခဲ့တာကြောင့် ယခုသီတင်းပတ်ဒီဇယ်ဆီအဝင်နဲ့ယှဉ်ရင် တန်ချိန်လေးထောင်နီးပါး လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။                လချုပ်အနေနဲ့ကြည့်ရင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒီဇယ်ဆီအဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ ဒီဇယ်ဆီအဝင် စုစုပေါင်းမှာ တန်ချိန်တစ်သိန်းခုနစ်ထောင်ကျော်ရှိခဲ့တာကြောင့် ယခုလအတွက် ဒီဇယ် ဆီအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT နယ်စပ်မှ ယခုအပတ် ဓာတ်ဆီနဲ့ ဒီဇယ်ဆီတင်သွင်းမှုပို               ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ဓာတ်ဆီဂါလန် ၆ဝ၈၈၁ နဲ့ ကန်ဒေါ်လာ ၁ ဒသမ ၂၁၈ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၃၇၉၅၃၉ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် ဒီဇယ်ဆီ ၁၈၂၂၄၆ ဂါလန်နဲ့ ဓာတ်ဆီဂါလန် ၁ဝ၅၅၆ ပိုမိုတင်သွင်း ခဲ့ပါတယ်။MPPE မှ တင်သွင်းမှုပိုမိုခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများ တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ တာချီလိတ်နယ်စပ်မှ သတင်းရရှိပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်    ရန်ကုန်     မန္တလေး      ရန်ကုန်     မန္တလေး၂၈      ၄ဝဝဝ       ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၁        ၄ဝဝဝ      ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၂       ၄ဝဝဝ       ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၃       ၄ဝဝဝ       ၄၈ဝဝ        ၄ဝဝဝ      ၅ဝဝဝ၄       ၄ဝဝဝ      ၄၈ဝဝ         ၄ဝဝဝ      ၅ဝဝဝMIRT-DOT