Main menu

Background

မန္တလေးမြို့ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့ ်ရ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်းအလဲမရှိ

Sun, 03/06/2011 - 06:08 -- Anonymous (not verified)

မန္တလေးမြို့ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့ ်ရ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်းအလဲမရှိ                မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့်ရ စက်သုံးဆီဆိုင် ၁၃ ဆိုင်တွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်း အလဲမရှိဘဲ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။                ''မတ်လပိုင်းကစပြီး ဓာတ်ဆီဈေး တက်ရောင်းမယ်လို့ အပြင်မှာ သတင်းထွက်နေတဲ့အတွက် ရင်းနှီးတဲ့သူတွေက မေးလို့ရှင်းရတယ်။ အခု လောလောဆယ် ဈေးအပြောင်းအလဲမရှိဘူး၊ လက်ရှိဈေးနဲ့ပဲ ရောင်း တယ်။ ကျွန်တော့်ဆိုင်မှာ တစ်နေ့ကို ဓာတ်ဆီဂါလန် ၃၂ဝဝ နေ့စဉ် ရောင်းချပေးနေပါတယ်''လို့ မြို့သစ်ရှိ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာ တစ်ဦးကပြောပါတယ်။                 မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၁၃ ဆိုင်တွင် DENKO ၊ မြတ်မေတ္တာမွန်၊NewDays ၊ SPOIN ၊ Green Luck ၊ ရွှေစင်ရော်၊ ဧရာရွှေဝါ၊ RedPower ၊ နီလာရိုးမ၊ မြဝတီထရေးဒင်း၊ ရွှေတောင်၊ Max Myanmar၊ ကောင်းဇော်ဟိန်း အရောင်းဆိုင်များမှ ဓာတ်ဆီ၊ ဒီဇယ်ဆီများ နေ့စဉ်ရောင်းချ ပေးလျက်ရှိပါတယ်။ ဓာတ်ဆီ တစ်ဂါလန်ကို ကျပ် ၂၅ဝဝ၊ အောက်တိန်းဆီ တစ်ဂါလန်ကို ကျပ် ၄၂ဝဝ၊ ဒီဇယ်ဆီ တစ်ဂါလန်ကို ကျပ် ၄၅ဝဝ ဖြင့် ရောင်းချပေးချက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး