ထိုင်းမှ အများဆုံးဝင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၄၇၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၅၃၄၄ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၃၃ဝဝ၊ ဘူဂေးရီးယားနိုင်ငံမှ ဖော့စ်ပရပ် တန်ချိန် ၅ဝဝ၊ ကိုရီးယားနိုင်ငံမှ အမိုးနီးယားဆာလဖိတ် တန်ချိန် ၂၇ဝ နဲ့ တရုတ်နိုင်ငံမှ အမိုးနီးယားဆာလဖိတ် ၇၂၆ တန်တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတန်ချိန်မှာ ရှစ်ရာကျော်သာရှိခဲ့တာမို့ ဒီသီတင်းပတ်မှာ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလချုပ်အနေနဲ့ ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန်ငါးထောင် ရှစ်ရာကျော်ရှိခဲ့ပြီး ဇန်နဝါရီလရဲ့ ဓာတ်မြေသြဇာအဝင်တန်ချိန်မှာ ခြောက်ထောင့် ကိုးရာကျော် ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ဓာတ်မြေသြဇာတင်သွင်းမှု လျော့ နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၄ဝဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိကာလအတွင်း နယ်စပ်စခန်း များမှ ဓာတ်မြေသြဇာ ၁၃၉၉၈ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၈၃ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေ ကတော့ မူဆယ်မှ တန် ၁၂၉ဝဝ ကျော်၊ ရိဒ်မှ ၇၅၅ တန်ခန့်၊ ကော့သောင်းမှ ၃ဝ၇ တန်ကျော်နဲ့ တာချီလိတ်မှ ၃၃ တန် အသီးသီးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ် ကထက် တန် ၁၁၅ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း (NPK) 12:13:0 ၊ 10:10:5 ၊ 15:5:5 ၊ 13:5:71 Single Super Phosphate နဲ့ တီစူပါဖော့စဖိတ်တို့ ဖြစ်ပါတယ်။ တာချီလိတ်မှ အမိုးနီး ယမ်းနိုတ်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးနဲ့ ရိဒ်တို့မှ ပိုတက်ရှ်တို့ တင်သွင်း ခဲ့ကြတာဖြစ်ပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၂ဝဝ တီစူပါ မြား(တရုတ်) ၂၄၅ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄၅ဝဝ ပိုတက်(တရုတ်) ၂၂၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၇ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၁၄ဝဝ တီဆူပါGTSP 46% ၂၃၁ဝဝ တီဆူပါGSSP 16% ၉၆ဝဝ တီဆူပါ GSSP 12% ၈၉ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝ၅ဝဝတောင်ငူ ယူရီးယား(ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား(ပုလဲ-ယူအေအီး) ၂၃၅ဝဝ ကုလားအုတ်(တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂ဝဝဝ တီဆူပါ-(တရုတ်) 12% ၉၈ဝဝ တီဆူပါ-(တရုတ်) 16% ၁၁ဝဝဝ တီဆူပါ15:15:15 (တရုတ်) ၄ဝဝဝဝ တီဆူပါ 10:10:5(တရုတ်) ၁၁ဝဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓါတ်ဆား (တရုတ်) ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၇၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ MIRT (MAPT)
Background