ပင်လယ်ရေကြောင်းမှ ဖေဖော်ဝါရီမှာ တန်ချိန်နှစ်သိန်းကျော် အဝင်ရှိ ဒီလရဲ့ နောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် ငါးသောင်းငါးထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အိန္ဒိယမှ ဘိလပ်မြေ ၇၁ တန်၊ ပါကစ္စတန်မှ ဆင်တံဆိပ်နဲ့ အခြားဘိလပ်မြေ ၆၈ဝ တန်၊ ပိုလန်နိုင်ငံမှ ၄ဝ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်၊ စိန်တံဆိပ်နဲ့ MOUNTAIN ဘိလပ်မြေ ၅၄၇၃၉ တန်တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းခြောက်ထောင် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ၃ ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ လချုပ်အနေနဲ့ ကြည့်ရင် ဖေဖော်ဝါရီတစ်လလုံးမှာ ဘိလပ်မြေတန်ချိန် ၂၃၆၈၆၃ တင်သွင်းနိုင်ခဲ့ပြီး ယခင်ဇန်နဝါရီလရဲ့ ဘိလပ်မြေတင်သွင်း မှုမှာ တန်ချိန် ၁၄၂၆၁၅ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီမှာ ဘိလပ်မြေတန်ချိန် ကိုးသောင်းကျော်လောက် ပိုမိုတင်သွင်းဖြန့်ဖြူးနိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေ တန် ၆၂ဝဝ ကျော် တင်သွင်း ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်း များမှ ကန်ဒေါ်လာ ဝ ဒသမ ၇၈၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၆၂၅၈ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုများကတော့ မူဆယ်မှ ၉၅ တန်၊ ကန်ပိုက်တီးမှ ၄၂၅၆ တန်၊ တာချီလိတ်မှ ၁၈၇၇ တန်၊ စစ်တွေမှ တန် ၃ဝ အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ၆၃၂ဝ တန်တင်သွင်းခဲ့ပါတာမို့ ယခုအပတ်မှာ ၆၂ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်အနေနဲ့ တင် သွင်းခဲ့ခြင်းမရှိတာကလည်း လျော့နည်းရတဲ့အကြောင်းထဲက တစ်ချက်ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background