Main menu

Background

ပြည်တွင်းနို့ဆီ လက်လီဈေးများ

Sun, 03/06/2011 - 07:21 -- Anonymous (not verified)

ဒီတစ်ပတ် နို့ဆီ/နို့စိမ်း အဝင်ရှိခဲ့                 ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၁၂၉ နဲ့ နို့စိမ်းတန်ချိန် ၁၁၂ တန် စုစုပေါင်း ၂၄၁တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၉၈၁၈ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်တင်သွင်းမှုမရှိခဲ့တဲ့ နို့ဆီ၊ နို့စိမ်းက ဒီသီတင်းပတ်မှသာ ပြန်လည် တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းခဲ့ တဲ့နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ နို့ဆီ နို့စိမ်းတင် သွင်းမှုက စုစုပေါင်းတန်ချိန် ၉၉၉ တန် ရှိခဲ့ပြီး ယခင်လ ဇန်နဝါရီရဲ့ နို့ဆီနို့စိမ်း အဝင်က တန်ချိန် ၁၇၅၄ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နို့ဆီ/စိမ်း အဝင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်ကတော့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ သြစတြေးလျမှ ၁၇ တန်၊ ဖိလစ်ပိုင်နိုင်ငံမှ ၈ တန်နဲ့ နယူးဇီလန်နိုင်ငံမှာ ၂၅ တန် စုစုပေါင်းတန် ၅ဝ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့စိမ်း၊နို့မှုန့် တင်သွင်းမှုပို                  ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်မှ နို့စိမ်းနဲ့ နို့မှုန့်တင်သွင်းမှု ယခင်အပတ် က ထက်သိသိသာသာ ပိုမိုတင်သွင်းမှု ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှကန်ဒေါ်လာ ၇၆၃၃၆ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၉၁ တန် (၄၇၇၁ ကာတွန်း)၊ ကန်ဒေါ်လာ ၂၄၃၁ဝဝ တန်ဖိုးရှိ နို့စိမ်း ၂၇၁ မတ်ထရစ်တန် (၁၄၃ဝဝ ကာတွန်း)တို့ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့စိမ်း ၁၆၈ တန် (၈၉ဝဝ ကာတွန်း) တင်သွင်းခဲ့တဲ့ အတွက် ၁ဝ၃ တန် တင်သွင်းမှုပိုမိုခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ် က နို့မှုန့်တင်သွင်းမှု မရှိခဲ့သော်လည်း ယခုအပတ်မှာတော့ ကန်ဒေါ်လာ ၁၈၇၆၃၁ တန်ဖိုးရှိ နို့မှုန့် ၆၆ တန် နီးပါး တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး            ကျပ်/တစ်ဘူး                         ရန်ကုန်        မန္တလေးဒွန်း( နို့ဆီ )            ၇၈ဝ           ၇၉၅ဒွန်း( နို့စိမ်း)            ၇ဝဝ           ၇၁၅Falcon နို့ဆီ            ၆၅ဝ           ၆၆၅Happy Cow            ၆၇ဝ           ၆၈၅မာရီဂိုး(နို့ဆီ)            ၇ဝဝ          ၇၁၅အိုကေနို့ဆီ               ၇ဝဝ         ၇၁၅MIRT (DOT)