Main menu

Background

ပြည်ပ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် မြင့်တက်လို့ စားအုန်းဆီကြမ်းဈေးလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်

Sun, 03/06/2011 - 07:27 -- Anonymous (not verified)

ပြည်ပ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက် မြင့်တက်လို့ စားအုန်းဆီကြမ်းဈေးလည်း ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်             ဖေဖော်ဝါရီလ သိုလှောင်လက်ကျန်ပမာဏက ၇ လအတွင်း အနိမ့်ဆုံး ကို ကျဆင်းနိုင်တဲ့ မျှော်လင့်ချက်များအရ မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ မတ်လ ၂ရက်နေ့မှာ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပ စိုက်ပျိုး ရေးထွက်ကုန်ဈေးကွက်များ မြင့်တက်လာခြင်းကလည်း စားအုန်းဆီဈေးကို အထောက်အပံ့ဖြစ်စေပါတယ်လို့ ဈေးကွက်က ဆိုပါတယ်။            မလေးရှားဘာစာကုန်စည်ဒိုင်မှာ မေလ အခြေခံစာချုပ်ဈေးဟာ ရင်းဂစ် ၄၄ (ကန်ဒေါ်လာ ၁၄ ဒသမ ၅၁) ၊ ၁ ဒသမ ၂ ရာခိုင်နှုန်းပိုမိုလာပြီး တစ်တန်ကို ရင်းဂစ် ၃၅၉ဝ (ကန်ဒေါ်လာ ၁၁၈၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ မေလ ပဲပုပ်ဆီကြိုပွိုင့်ဈေးကလည်း ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၅၈ ဒသမ ၃၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၈၇) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။              စိုက်ပျိုးရေးကုန်စည်တွေအပေါ် ယုံကြည်မှုခိုင်မာနေပြီး ရောင်းဝယ်မှု အခြေအနေကတော့ ၎င်းတို့ရဲ့ လကုန်ထုတ်လုပ်မှုနဲ့ လက်ကျန်အစီရင်ခံစာတွေ အပေါ် ဂရုပြုရမယ်လို့ ဆစ်ဒနီအခြေစိုက် ကုန်စည်လေ့လာ ဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ မလေးရှားစားအုန်းဆီအဖွဲ့MPOB က ဖေဖော် ဝါရီလရဲ့ ထုတ်လုပ်မှု၊ လက်ကျန်နဲ့ ပြည်ပတင်ပို့မှု စာရင်းတွေကို မတ်လ ၁ဝ ရက်မှာ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရပါတယ်။ MPOB ရဲ့ အစီရင်ခံစာအရ ဇန်နဝါရီက စားအုန်းဆီကြမ်း ထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ဝ၆ သန်းနဲ့ လကုန်လက် ကျန် တန်ချိန် ၁ ဒသမ ၄၂ သန်းရှိတယ်လို့ သိရပါတယ်။                 ကုန်သည်တွေနဲ့ စိုက်ပျိုးသူတွေရဲ့ ခန့်မှန်းချက်ကတော့ ဖေဖော်ဝါရီ လကုန် စားအုန်းဆီလက်ကျန်က တန်ချိန် ၁ ဒသမ ၃၅ သန်း - ၁ ဒသမ ၃၉ သန်းရှိလို့ ၇ လအတွင်း အနိမ့်ဆုံးအဖြစ် ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ လစ်ဗျား နိုင်ငံမှာ မတည်ငြိမ်မှု ဆက်ဖြစ်နေခြင်းက ရေနံဈေးနှုန်းကို မြင့်တက်စေတာမို့ တစ်ဆက်တည်းမှာပဲ ဇီဝလောင်စာအသုံးပြုနိုင်တဲ့ စားအုန်းဆီနဲ့ ဟင်းသီးဟင်းရွက် ဆီဈေးတွေကိုလည်း သက်ရောက်နေတာဖြစ်ပါတယ်။               မတ်လပို့ရမယ့် စားအုန်းဆီခဲဈေးဟာ တစ်တန်ကို ၁ဝ ဒေါ်လာ မြင့် တက်ပြီး ကန်ဒေါ်လာ ၁၂၅ဝ ဈေးဖြစ်ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း ဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး တစ်တန် ရင်းဂစ် ၃၆၆ဝ (ကန်ဒေါ်လာ ၁၂ဝ၇) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com