Main menu

Background

နှမ်းတန် ၅ဝဝ ခန့်တင်ပို့

Sun, 03/06/2011 - 07:28 -- Anonymous (not verified)

နှမ်းတန် ၅ဝဝ ခန့်တင်ပို့            ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုက တန်ချိန် ၅ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုကတော့ နည်းနည်းနဲ့ မှန်မှန်သွားနေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဆွီဒင်တို့ဖြစ်ပါတယ်။ ပြည်ပအဝယ်ပုံမှန်ရှိနေတဲ့ နှမ်းဟာ ပြည်တွင်း တောင်သူလက်ထဲမှာ တော့ လက်ကျန်မရှိသလောက်နည်းပြီး ကုန်သည်လက်ထဲ ရောက်နေပြီလို့ သိရပါတယ်။            ၂ဝ၁၁ ဇန်နဝါရီလအတွင်း နှမ်းတန်ချိန် ၂၃ဝဝ ခန့် တင်ပို့မှုရှိပြီး၊ ဖေဖော်ဝါရီလမှာ တန်ချိန် ၁၇ဝဝ ခန့်ရှိပါတယ်။ ယခင်နှစ်ကာလတူ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလရဲ့ တန်ချိန် ၃ဝဝဝ ခန့်ထက်တော့ လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေး အနေနဲ့ ယခင်သီတင်းပတ်များအတိုင်း ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၅၁၅-၁၅၆၅ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT