Main menu

Background

နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်သာ နယ်စပ်မှအပို့ရှိ

Sun, 03/06/2011 - 07:31 -- Anonymous (not verified)

နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်သာ နယ်စပ်မှအပို့ရှိ             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နှမ်းဖြူတင်ပို့နိုင်မှုမရှိဘဲ နှမ်းနက် ၁၅၇ တန် ကျော်နဲ့ နှမ်းဖြူ အခွံချွတ် ၂၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂၈ သန်းဖိုးတင်ပို့နိုင်ခဲ့ပါ တယ်။ယခင်အပတ်က နှမ်းနက် ၁၉၂ တန်နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ယခင်အပတ်ကထက် နှမ်းနက်တင်ပို့မှု ၃၄ တန်ကျော်လျော့နည်းခဲ့ပြီး နှမ်းဖြူအခွံချွတ်ကိုတော့ ယခင်အပတ်က တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။နှမ်းဝယ်လိုအားရှိပေမဲ့ လက်ရှိပြည်တွင်းဈေး၊ သယ်ယူ စရိတ်တွေကြောင့် အရောင်းအဝယ်ပါးနေတာလို့ နှမ်းကုန်သည်တစ်ဦးထံမှ သိရပါတယ်။နှမ်းဈေးနှုန်းမှာ နှမ်းနက် (ရိုးရိုး) ၁ တန်ကျပ် ၁ ဒသမ ၁၉၈ သန်းမှ ၁ ဒသမ ၂၃၉ သန်း၊ နှမ်းနက်အလတ်စ ကျပ် ၁ ဒသမ ဝ၈၉ သန်းကျပ်မှ ပြောင်းလဲမှုမရှိပဲ ရွှေလီဘက်မှာ နှမ်းနက်တစ်တန် ယွမ် ၁ဝ၂၈ဝ မှ ၁၁၂၈ဝ ထိ ဈေးပေါက်နေပါတယ်။ မူဆယ်နဲ့ ရွှေလီမြေပြင်ပေါက်ဈေးများကို ယခင်အပတ်တိုင်းပဲရှိနေပြီး ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဖက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု           ယခင်   ပြောင်းလဲမှု     %       ယခု    ယခင်   ပြောင်းလဲမှု    %နှမ်းနက် (ကောင်း)     ၁၄၅ဝ၇၃ဝ    ၁၄၅ဝ၇၃၁ဝ    -             -      ၁၆၅၆    ၁၆၅၆       -             -နှမ်းဖြူ (ကောင်း)       ၁၂၅၃၇၉၁      ၁၂၅၃၇၉၁    -             -      ၁၄ဝ၉    ၁၄ဝ၉       -             -MIRT (DOBT)