Main menu

Background

သိပ္ပံနှမ်းနက်ဈေးတန့်နေသော်လည်း ဝယ်လိုအားရှိတဲ့ ရိုးရိုးနှမ်းနက်ဈေးမြင့်တက်

Sun, 03/06/2011 - 07:33 -- Anonymous (not verified)

သိပ္ပံနှမ်းနက်ဈေးတန့်နေသော်လည်း ဝယ်လိုအားရှိတဲ့ ရိုးရိုးနှမ်းနက်ဈေးမြင့်တက်               အောင်လံဈေးကွက်မှာရှိတဲ့ နှမ်းမျိုးစုံကတော့ ဖေဖော်ဝါရီ တတိယပတ်ကစ လကုန်အထိဈေးငြိမ် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဈေးငြိမ်နေတဲ့ ကာလတစ်လျှောက် သိပ္ပံနှမ်းနက်တစ်ပိဿာ ၂၄၄၅ ကျပ်နဲ့ ရိုးရိုးနှမ်းနက်ကတော့ တစ်ပိဿာ ၁၇၇၈ ကျပ်တွေနဲ့အတူ နေ့စဉ်ပျမ်းမျှအိတ် ၁ဝဝ ဝန်းကျင်စီလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်ကို ပုံမှန်တင်ပို့နိုင်ခဲ့ပါ တယ်။ မတ်လ ပထမပတ်မှာတော့ သိပ္ပံနှမ်းနက်အနေနဲ့ ပုံမှန်ဈေးနှုန်းအတိုင်း ဆက်လက်ရပ်တည်နေပြီး ပြည်ပတင်ပို့ဖို့ ဝယ်လိုအားမြင့်တက်လာတဲ့ ရိုးရိုးနှမ်းနက်ကတော့ တစ်ပိဿာ ၁၈၂၃ ကျပ်ထိဈေးမာလာကာ တစ်ပတ်အတွင်း ရန်ကုန်ကို သိပ္ပံနှမ်းနက်အိတ် ၁၅ဝဝ ခန့်နဲ့ ရိုးရိုးနှမ်းနက်ကတော့ ပုံမှန်ထက်တိုးပြီး အိတ် ၂ဝဝဝ ခန့် ထိတင်ပို့လာကြောင်း ကုန်သည် ကြီးများထံမှ သိရပါတယ်။ တောင်သူလက်ကျန်နည်းပါးလာပြီး မြို့ပေါ်လက်ကျန်အနေနဲ့ သိပ္ပံနှမ်းနက်အိတ် ၁၅ဝဝဝ ခန့်နဲ့ ရိုးရိုးနှမ်းနက်ကတော့ အိတ် ၄ဝဝဝဝ ခန့်သာကျန်ရှိတာကြောင့် ပြည်ပပို့ကုန်နှမ်းသီးနံှရဲ့ ဈေးကွက်ဟာ ပုံမှန်အရောင်း အဝယ်ဖြစ်မှုနဲ့ အတူ ဈေးမာနေနိုင်ကြောင်းလည်း သုံးသပ်သူအခိုျ့က ဆိုပါတယ်။ ကျော်မျိုးမင်း