Main menu

Background

အဝင်နည်းလို့ ဈေးမာနေတဲ့ ပြည်နှမ်း

Sun, 03/06/2011 - 07:34 -- Anonymous (not verified)

အဝင်နည်းလို့ ဈေးမာနေတဲ့ ပြည်နှမ်း                  ပြည်ဈေးကွက်ကို နှမ်းအဝင်နည်းသွားသဖြင့် နှမ်းဈေးမှာ ဆက်လက်မာလျက်ရှိပါတယ်။ မြန်အောင်၊ ကြံခင်းနဲ့ မင်းတုန်းဘက်မှ တစ်နေ့ကို အိတ် ၃ဝဝ ခန့်ဝင်ရောက်လာသဖြင့် ဆီစက်သမားများမှ ဆီကြိတ်ဖို့ လုံလောက်မှု မရှိခြင်းကြောင့် မိုးနှမ်းလက်ကျန်များကို ဆီကြိတ်နေသဖြင့် နှမ်းဈေးမှာ ဆက်လက်ဈေးမာလျက်ရှိပါတယ်။ နှမ်းနီ ၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ တယ်။ နှမ်းဆီ တစ်ပိဿာကို ၃၆ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။              ဝေဝေမင်း