Main menu

Background

မတ်ပဲဈေး ဆက်လက်ဆင်းလာ

Sun, 03/06/2011 - 07:43 -- Anonymous (not verified)

အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ကြက်သွန်နီ၊ အာလူးနဲ့ ပဲမိုျးစုံ ဈေးကျဆင်းလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ၁ဝ ဒသမ ၃၉ ရာခိုင်နှုန်းကို ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ၁၁ ဒသမ ၄၉ ရာခိုင်နှုန်းရှိခဲ့ရာက ကျဆင်းလာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အာလူးဈေးက ၁၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပဲမိုျးစုံဈေးနှုန်းက ၅ ဒသမ ဝ၂ ရာခိုင်နှုန်းနဲ့ ကြက်သွန်နီဈေးက ၃ဒသမ ၆၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်လက်ဆင်းလာ              ယခင်သီတင်းပတ်က အကျဘက်ဆင်းလာသလို ယခုတစ်ပတ်မှာ လည်း အိန္ဒိယပြည်တွင်း မတ်ပဲဈေးကဆက်လက်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းနေတာဖြစ်တယ် လို့သိရပါတယ်။ မြန်မာမတ်ပဲများ အိန္ဒိယဆိပ်ကမ်းကို ပုံမှန်ဝင်ရောက်ခြင်းက ရောင်းအားကို ပိုမိုစေတယ်လို့သိရပါတယ်။ အိန္ဒိယက ဝယ်လိုအား နည်းတာကြောင့် တစ်ပတ်အတွင်း ကမ္ဘာ့မတ်ပဲဈေး တစ်တန်ကို ကန် ဒေါ်လာ ၅ဝ-၇ဝ ခန့် ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အတ္တပရာဒေ့ရှ်က မတ်ပဲဝင်ရောက်မှု အနည်းငယ်နောက်ကျလို့ မတ်ပဲ အသစ် ဝင်ရောက်မယ့် မတ်လလယ်လောက်ထိတော့ ဈေးများများမကျ နိုင်ဘူးလို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား (၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                       ဒေါ်လာ/တန်  ဈေးကွက်            ၃ .၃ .၁၁          ၁ .၃ .၁၁          ၂၈ .၂ .၁၁              ၂၆ .၂ .၁၁မွန်ဘိုင်း                ၈၈၄                ၈၈၁                  ၈၈၅-၈၉၁               ၈၈၄ဒေလီ                    ၈၉ဝ                 ၈၈၇                      ၈၉၁                  ၈၉ဝချန်နိုင်း               ၉ဝ၁-၁ဝ၂၃       ၈၉၈-၁ဝ၂ဝ           ၉ဝ၇-၁ဝ၄ဝ        ၉ဝ၆-၁ဝ၃၉