ကုလားပဲဈေး အနည်းငယ်ပြောင်းလဲ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ကုလားပဲအသစ်တွေဝင်ရောက် မှု တိုးလာပြီး အရောင်းအဝယ်ဖြစ်မှုနည်းလို့ လက်ရှိဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိပေမဲ့ ဈေးများများမကျဆင်းတာတွေ့ရပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်မှာ ရာသီဥတုခြောက်သွေ့လို့ ပဲရိတ်သိမ်းမှုကို အထောက်အကူ ဖြစ်စေပြီး ပဲအသစ်ဝင်ရောက်မှု အရှိန်ရလာနေပြီလို့ သိရပါတယ်။ လှောင်လက်များကလည်း ယခုနှစ်ပဲအထွက်ကောင်းမယ့် အလားအလာအရ ဈေးကျဆင်းမယ့် ခန့်မှန်းချက်နဲ့ မနှစ်က လက်ကျန်ပဲတွေကို ရှင်းထုတ်နေ ကြတယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအားထက် ကျော်လွန်နေလို့ ကာလတိုအတွင်း ဈေးလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း ၅၁၇-၅၂၃ ၄၅၉-၅၂၁ ၅၂ဝ ၅၃ဝဒေလီ ၅၇၁-၅၇၂ ၅၅၄-၅၆ဝ ၅၅၉ ၅၆၉ကန်ပါ ၅၈၃ ၅၇ဝ ၅၇၅ ၅၉ဝ
Background