Main menu

Background

ပဲတီစိမ်းဈေးငြိမ် ပဲတီရွှေဝါဈေးလျော့

Sun, 03/06/2011 - 07:48 -- Anonymous (not verified)

ပဲတီစိမ်းဈေးငြိမ် ပဲတီရွှေဝါဈေးလျော့             အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲတီစိမ်း ဈေးငြိမ်ပေမဲ့ ပဲတီရွှေဝါဈေးကတော့ အနည်းငယ်လျော့လာခဲ့ပါတယ်။ ပဲရရှိနိုင်မှု အကန့်အသတ်သာရှိပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေး လျော့လာတာဖြစ်ပါတယ်။ ဧပြီလ အစပိုင်းလောက်မှာလည်း တမီလ်နာဒူး ပြည်နယ်က ပဲတီစိမ်းအသစ်တွေ ဝင်လာတော့မှာဖြစ်လို့ ကာလတိုအတွင်း ပဲတီစိမ်းရောင်းလိုအား တက်ဖွယ်ရှိပါတယ်။ ဈေးကွက်မှ ပြောကြားချက် အရ နိုင်ငံတကာဈေးမြင့်တက်မှုကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ပဲတီစိမ်း ဝယ်လိုအားကျနေတယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေ ကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                        ဒေါ်လာ/တန်  ဈေးကွက်                          ၃ .၃ .၁၁           ၁ .၃ .၁၁                 ၂၈ .၂ .၁၁              ၂၆ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)       ၁၃၁၂-၁၃၃၅         ၁၃ဝ၈-၁၃၃ဝ                ၁၃၂၈                    ၁၃၂၆ဒေလီ                               ၁၂၉ဝ                   ၁၂၈၅                      ၁၂၈၄                   ၁၂၈၂အင်ဒိုရီ                              ၁၁၅၉                   ၁၁၅၂                      ၁၁၅၁                  ၁၁ဝ၅