မန္တလေး-မူဆယ်ကားခများ ဈေးမြင့်တက်လျက်ရှိ မန္တလေး-မူဆယ်သယ်ယူစရိတ်များဟာ ဖေဖော်ဝါရီလလည်းကစပြီး ပြန်လည်မြင့်တက်လာနေတယ် လို့သိရပါတယ်။ ဇန်နဝါရီ လဆန်းပိုင်းကစပြီး သယ်ယူစရိတ်များတဖြည်းဖြည်းမြင့်တက်လာရာမှ ဇန်နဝါရီလ ပထမပတ်က ၁ ပိဿာ ၈၂ ကျပ် ရှိခဲ့ရာမှ ဇန်နဝါရီလနှောင်းပိုင်းမှာ ၁၇၅ ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။ဖေဖော်ဝါရီလ ဒုတိယပတ်မှာတော့ ၁၃ဝ ကျပ်သို့ ပြန်လည် ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ တတိယပတ်မှစပြီး မြင့်တက်လာရာဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ ကျပ် ၁၅ဝ ထိပြန် လည် မြင့်တက်လာပါတယ်။ဒါပေမဲ့ ဇန်နဝါရီလနောက်ဆုံးပတ်က မြင့်တက်ခဲ့တဲ့ ၁၇၅ ကျပ် ဈေးကိုတော့ ပြန်လည် မရောက်ရှိသေးဘူးလို့ မန္တလေး-မူဆယ်ကားလိုင်းဂိတ်များက စုံစမ်းသိရှိပါတယ်။ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ မတ်လ ၁ ရက်နေ့ အဓိကပို့ကုန်ပစ္စည်းများရဲ့ မန္တလေး - မူဆယ် သယ်ယူစရိတ်နှုန်းထားများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါရတယ် ကျပ်/ပိဿာ ဖေဖော်ဝါရီလ ၂၂ ရက် မတ်လ ၁ ရက်ပဲတီစိမ်း ၁၃၅ ၁၄ဝနှမ်း ၁၄ဝ ၁၄၅ရော်ဘာ ၁၅ဝ ၁၅ဝ ဇန်နဝါရီလပထမပတ်မှ မတ်လပထမပတ်ထိ သယ်ယူစရိတ်ပြောင်းလဲလာမှုများကို ဖော်ပြပေးလိုက်ရပါတယ် ကျပ်/ပိဿာ ဇန် ဇန် ဖေ ဖေ မတ်ကားခ ပထမပတ် နောက်ဆုံးပတ် ပထမပတ် နောက်ဆုံးပတ ် ပထမပတ်တက်/ကျ ၈၂ ၁၇၅ ၁၇ဝ ၁၃ဝ ၁၅ဝရာခိုင်နှုန်း ၅၃ ၃ ၃ဝ ၁၃MIRT(DOBT)
Background