Main menu

Background

ရော်ဘာ တန် ၇ဝဝ ပိုမိုတင်ပို့

Sun, 03/06/2011 - 08:17 -- Anonymous (not verified)

ရော်ဘာ တန် ၇ဝဝ ပိုမိုတင်ပို့            ဖေဖော်ဝါရီ ၂၁ မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂ဝ၁၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၂ဝ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၃ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၇ဝဝ နီးပါး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအထွက်ကျတဲ့ရာသီဖြစ်ပြီး ဈေးကောင်းရနေတာကြောင့် ပိုမိုတင်ပို့ နိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS -3  ၁၄၄ တန်၊RSS -5 ၁၅၃ တန်၊ စင်ကာပူကို MSR -20  ၂ဝ၁ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုကိုRSS -3  ၂၂၄ တန်၊ မလေးရှားကို RSS -3  ၈၆၂ တန်နဲ့RSS -5 တန် ၄၂ဝ အသီးသီး တင်ပို့ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေတင်ပို့တဲ့ဈေးနှုန်း တွေကတော့ RSS -3  တစ်တန်ကို ၅၄ဝဝ ဒေါ်လာနဲ့ RSS -5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR -20  တစ်တန်ကို ၅၄ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။                     KZW