Main menu

Background

နယ်စပ်စခန်းများမှ ရော်ဘာတန် ၁ဝဝဝ ကျော်တင်ပို့

Sun, 03/06/2011 - 08:17 -- Anonymous (not verified)

နယ်စပ်စခန်းများမှ ရော်ဘာတန် ၁ဝဝဝ ကျော်တင်ပို့             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ချင်းရွှေဟော်နဲ့ မြိတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းကျော်တန်ဖိုးရှိ ရော်ဘာတန် ၁ဝဝ၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၇ဝ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။တရုတ်ဖက်မှ ရော်ဘာ အဆွဲနည်းတဲ့အတွက် ဈေးကွက်အခြေ အနေစောင့်ကြည့်ပြီး တင်ပို့ရတာမို့ လျော့နည်းရတယ်လို့ သိရပါတယ်။နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၆၂၉ တန်ကျော်၊ ချင်းရွှေဟော် ၂၇၅ တန်ကျော်နဲ့ မြိတ်မှ တန် ၁ဝဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာ နယ်စပ်မှ တန် ၃၇ဝဝ ကျော်တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဘက်မှာရောတစ်ဘက် နိုင်ငံမှာပါဈေးငြိမ် လျက်ရှိတယ်လို့ သိရပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကတော့RSS-3  တစ်တန်ကို ၄၄၁၉၂၆ဝ ကျပ်နဲ့ RSS-5 တစ်တန်ကို ၄၁၆၉၇၈၅ ကျပ်၊ တစ်ဘက်နိုင်ငံမှာRSS-3  တစ်တန်ကို ၅၁၆၃ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၇၈၃ ဒေါ်လာ အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။                   MIRT(DOBT)