Main menu

Background

ပြောင်း အပို့လျော့

Sun, 03/06/2011 - 08:24 -- Anonymous (not verified)

ပြောင်း အပို့လျော့           ဖေဖော်ဝါရီ ၂၁ မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၅၈ဝ တန်၊ တန်ဖိုး ဝ ဒသမ ၆၅ သန်းဖိုးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင် ရက်သတ္တပတ်က ၃၃၆၂ တန်တင်ပို့ခဲ့တာကြောင့်ယခု အပတ်မှာ ၇၈၂ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားကို ၇၃ဝ တန်၊ ဖိလစ်ပိုင် ကို ၁၇၃ဝ တန်နဲ့ စင်ကာပူကို တန် ၁၂ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB  ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြားဈေးပေါက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။              KZW