Main menu

Background

ပြောင်းဖူးစေ့တန်ချိန် ၈၇ဝဝ ကျော် နယ်စပ်မှပို့

Sun, 03/06/2011 - 08:25 -- Anonymous (not verified)

ပြောင်းဖူးစေ့တန်ချိန် ၈၇ဝဝ ကျော် နယ်စပ်မှပို့             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပြောင်းဖူးစေ့ တန်ချိန် ၈၆၁ဝ နဲ့ နံှစားပြောင်း ၄၇၂ တန်ခန့်၊ လွယ်ဂျယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၁၄၃ တန်ကျော် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၃၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်းဖူးစေ့ စုစုပေါင်းတန်ချိန် ၈၇၅၃ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၁၁၁၃ တန်ကျော် ပိုမို တင်ပို့ခဲ့ပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ မြင့်မားနေတဲ့အတွက် လားရှိုးပတ်ဝန်းကျင်ဒေသအထွက် ပြောင်းဖူးစေ့များကိုသာ မူဆယ်မှ တင်ပို့နိုင်ပါတယ်။ ယခင် အပတ်ကထက် တန် ၉၇ဝ ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ပြောင်းဖူးစေ့ဈေးဟာ ယခင် အပတ်နဲ့ နှိုင်းယှဉ်လျှင် သိသိသာသာ ပြောင်းလဲမှုမရှိပေမဲ့ နံှစားပြောင်းမှာတော့ တစ်ဖက်နိုင်ငံဈေး အနည်းငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ တစ်လ လုံး ပြောင်းတင်ပို့မှုမှာ တန်ချိန် ၂၈၇ဝဝ ကျော်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                      မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု            ယခင်      ပြောင်းလဲမှု   %       ယခု      ယခင် ပြောင်းလဲမှု       %နံှစားပြောင်း     ၂၆၆၁၄၂     ၂၆၆၁၄၂       -               -         ၃ဝ၄     ၂၈၈       ၁၆                ၅ပြောင်းဖူးစေ့    ၂၈ဝ၆၉၃     ၂၈၅၉၄၅    ၅၂၅            ၂        ၂၈၈      ၂၈၇       ၁              ဝ .၃MIRT (DOBT)