Main menu

Background

ငါးသလောက်သယံဇာတ ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရန်ရှိ

Sun, 03/06/2011 - 08:37 -- Anonymous (not verified)

 ငါးသလောက်သယံဇာတ ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်ရန်ရှိ                      ငါးသလောက် သယံဇာတ ထိန်းသိမ်းရန်အတွက် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန်ရှိကြောင်းငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ '' ငါးသလောက်သယံဇာတထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ စာတမ်းတွေဖတ်ခဲ့ပါတယ်။ အဲဒီစာတမ်းတွေ ကနေ ရှေ့လုပ် ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်ဖို့အချက် (၁ဝ) ချက် ထွက်ပေါ်လာတယ်။ အဲဒီအချက်တွေကို ဝန်ကြီးဌာနကို တင်ပြပြီး ခွင့်ပြုချက်ရပါက အမိန့်ကြော်ငြာစာအဖြစ် ထုတ် ပြန်မှာ ဖြစ်ပါတယ်'' ဟု ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ပြောသည်။                    အဆိုပါအချက်များမှာ မည်သည့်ရေပြင်တွင်မဆို ၄ လက်မ အောက်ပိုက်ကွက်နှင့် ဖမ်းဆီးခြင်းမပြုရန်၊ ဝိုင်းချုပ် ပိုက်များ၏ ပိုက်ကွက်အရွယ်အစားကိုလည်း ပြန်လည်စိစစ် ခွင့်ပြုရန်၊ ငါးသလောက်ဖမ်းသည့် ဝိုင်းချုပ် ရေယာဉ်စီးရေကို လိုအပ်သလို စိစစ်ခွင့်ပြုရန်၊ မည်သည့်ရေပြင်တွင်မဆို ၃ထပ် ပိုက်များဖြင့် ဖမ်းဆီး လိုင်စင် ချထားခွင့်မပြုရန်နှင့် ရေလုပ် သားများအား ကြိုတင်အသိပေးရန် စသည်ဖြင့် အချက် အလက်များ ပါဝင်သည်ဟု ဆိုသည်။ MN