Main menu

Background

ကဏန်းတင်ပို့မှုက ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ်

Sun, 03/06/2011 - 08:43 -- Anonymous (not verified)

ကဏန်းတင်ပို့မှုက ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ်                   ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချရာတွင် ကဏန်းလုပ်ငန်းရှင်များ အသင်းအနေဖြင့် ဒေါ်လာ ၃၅ သန်း ပြည့်မီအောင် ဆောင်ရွက်ရန် လျာထားခဲရာ ယခုအခါ ၉၂ ရာခိုင်နှုန်းကျော် အကောင်အထည် ဖော်ပြီးဖြစ်ကြောင်းသိရသည်။                    '' မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက အသင်းတွေ အလိုက်လည်း တင်ပို့မှုကိုလျာထားသတ်မှတ် ပေးခဲ့တာပါ။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်ထဲမှာ အလှမွေးတင်ပို့မှုကနေ ဒေါ်လာ ဝ ဒသမ ၃ဝဝ သန်း၊ ရေချိုငါး တင်ပို့မှုကနေ ဒေါ်လာ ၁၂၅ သန်း၊ ငါးရှဉ့်တင်ပို့မှုကနေ ဒေါ်လာ ၂၅ သန်းနဲ့ကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၃၅ သန်း ရရှိမယ်လို့ လျာထား ချမှတ်ပေးခဲ့ပါတယ်။ အခုကဏန်းတင်ပို့မှုကနေ ဒေါ်လာ ၃၂ သန်း ကျော်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိရရှိထားပါတယ်။ ဒါ့ကြောင့် လျာထားသတ်မှတ်ချက်ကို အကောင် အထည်ဖော်နိုင်မှုက ၉၂ ရာခိုင်နှုန်းရှိနေပါပြီ။ အသင်းအားလုံးထဲမှာ ကဏန်း လုပ်ငန်းရှင်များအသင်းက လျာထားချက်ကို အများဆုံးအကောင်အထည်ဖော်ထားနိုင်ပါပြီ ''ဟု ကဏန်းလုပ်ငန်းရှင် များအသင်းမှ ဦးနှင်းဦးက ပြောပြသည်။                      မြန်မာနိုင်ငံက ကဏန်းများကို မူဆယ်၊ မြဝတီ၊ မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများက လည်း ကောင်း၊ လေကြောင်းလိုင်းတို့ကလည်းကောင်း ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိသည်ဟုဆိုသည်။ MN