Main menu

Background

တားမြစ်ကာလအတွင်း ကကတစ်ငါးများ ဖမ်းဆီးပါက အရေးယူမည်

Sun, 03/06/2011 - 08:44 -- Anonymous (not verified)

တားမြစ်ကာလအတွင်း ကကတစ်ငါးများ ဖမ်းဆီးပါက အရေးယူမည်              သဘာဝရေပြင်အတွင်းရှိ ကကတစ်ငါးများကို ထိန်းသိမ်း ရန်အတွက် တားမြစ်ကာလများသတ်မှတ်ထားရာ ယင်း ကာလအတွင်း တားမြစ်ငါးများကိုဖမ်းဆီးပါက ငါးလုပ်ငန်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းငါး လုပ်ငန်းဦးစီး ဌာနက သိရသည်။               '' သဘာဝရေပြင်ထဲက ကကတစ်ငါးတွေကို ငါးမျိုး စိတ်တွေ ထိန်းသိမ်းဖို့အတွက် သားဖောက်ချိန်တွေက ဖမ်းဆီးခြင်းမပြုနိုင်ဖို့ပိတ်ပင်ထားပေးထားပါတယ်။ ကကတစ် ငါးတွေဆိုရင် ဇန်နဝါရီ ၁ ရက်က မတ်လ၃၁ ရက်အထိ ဖမ်းဆီးခွင့် (၃)လပိတ်ထားပါတယ်။ တားမြစ်ကာလအတွင်း တားမြစ်ငါးတွေကို ဖမ်းဆီးပါက ငါးလုပ်ငန်းဦးစီး ဌာနက ငါးလုပ်ငန်းဥပဒေအရအရေးယူမှာပါ ''ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက ပြောပြသည်။                ရာသီဥတုပြောင်းလဲမှု၊ အလွန်အကံျွဖမ်းဆီးမှုနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ များပြားလာမှုကြောင့် ငါးသယံဇာတများဖမ်းဆီးရရှိမှုလျော့ကျလျက်ရှိရာ သဘာဝ ရေပြင် များတွင် ငါးသယံဇာတများကို ထိန်းသိမ်းရန် လိုအပ်လာပြီဖြစ်သည်။ အဆိုပါရေထွက်ပစ္စည်း သယံဇာတ များပြုန်းတီးခြင်းက ကာကွယ်နိုင်ရန်အတွက် တားမြစ် ကာလများ သတ်မှတ်ခြင်း၊ ငါးမဖမ်းရနယ်မြေများသတ်မှတ် ခြင်းနှင့် ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်း များကို ဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်